Published-31 July 2021
ထိုင်းနိုင်ငံ အစားအသောက်နှင့်ဆေးဝါးဌာန(FDA)က အယ်လ်ကိုဟော spray guns တွေကို အသုံးပြုမှု ရှောင်ရှားကြဖို့ ကြေညာချက်ထုတ်ပြန်တိုက်တွန်းထားကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကပေးပို့တဲ့သတင်းကို သည်နေရှင်းနှင့်အေအင်န်အင်န်တို့မှာ ဖော်ပြထားပါတယ်။
 
အက်ဖ်ဒီအေရဲ့ လက်ထောက်အတွင်းရေးမှူးချုပ် ဆူပါထရာဘွန်စမ်းက ပြည်သူတွေအနေနဲ့ FDA ရဲ့ တံဆိပ်ရိုက်ထားတဲ့ ပစ္စည်းတွေကိုသာ အသုံးပြုသင့်တယ်လို့ပြောကြားခဲ့ပါတယ်။
 
ထိုင်းအက်ဖ်ဒီအေက အတည်ပြုထားတဲ့ ပစ္စည်းတွေကို www.fda.moph.go.th ရဲ့
Product Checking အခန်းအောက်မှာ ရှာနိုင်ပါတယ်လို့သိရပါတယ်။
 
အဲဒီဆေးဖြန်းသေနတ် spray gun တွေကထွက်တဲ့ အမှုန်တွေဟာ သိပ်သေးလွန်းလို့ မျက်နှာပြင်တွေကို ပိုးသတ်ဖို့ဆိုတာ လုံလောက်မှုမရှိကြောင်း ဆူပါထရာ ကပြောပါတယ်။
 
အဲဒီအပြင် ဗိုင်းရပ်စ်ကိုတောင် ပိုပြီးလွယ်လွယ်ပြန့်စေနိုင်ပြီး အသက်ရှုသွင်းလိုက်တဲ့အခါ အထူးသဖြင့် ကလေးတွေအတွက် အန္တရာယ်ရှိကြောင်းလည်းပြောကြားလိုက်ပါတယ်။
UV ရောင်ခြည်ပါ ပါတဲ့ spray gun တွေဆိုရင် ခန္ဓာကိုယ်ကို တိုက်ရိုက် ဖြန်းရင် အရေပြားကင်ဆာဖြစ်နိုင်ပြီး မျက်လုံးကိုလည်းထိခိုက်နိုင်တယ်လို့ အာရှသတင်းကွန်ယက်ရဲ့ သတင်းမှာဖော်ပြထားပါတယ်။
 
Source: The Nation/Asia News Network