အလွန်ကူးစက်လွယ်နေတဲ့ ဒယ်လ်တာမျိုးဗီဇ ပျံ့နှံ့မှုနေတာကြောင့် ကိုဗစ်-၁၉ကို တိုက်ဖျက်ရာမှာ ကမ္ဘာကြီးက ခက်ခက်ခဲခဲရထားတဲ့ တိုးတက်မှုတွေဟာ အန္တရာယ်ရှိလာနေတယ်၊ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားပြီးတဲ့ ကာကွယ်ဆေးတွေက ထိရေက်မှုရှိနေဆဲပဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သောကြာနေ့မှာပြောကြားလိုက်ပါတယ်။
 
ဒယ်လ်တာဟာ ရေကျောက်လိုပဲ ကူးစက်အလွန်လွယ်တယ်လို့ အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ဖော်ပြ ခဲ့ပါတယ်။
 
ပြင်းထန်တဲ့ရောဂါတွေဖြစ်လာနိုင်တာကိုလည်း သတိပေးလိုက်ပါတယ်။ အဲဒီအချက်တွေကို ဌာနတွင်းစာရွက်စာ တမ်းများကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က ရေးခဲ့တာဖြစ်ပါတယ်။
ကိုဗစ်-၁၉ကူးစက်မှုဟာ ကမ္ဘာကြီးရဲ့ဒေသအများစုမှာ ပြီးခဲ့တဲ့ လေးပတ်အတွင်း ၈၀ရာခိုင်နှုန်းတိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်အက်ဒန်နိုမီ ဂီဘရေးရက်ဆတ်စ်က ပြောပါတယ်။ လူဦးရေရဲ့ ၁.၅ရာခိုင်နှုန်းပဲ ကာကွယ်ဆေးထိုးထားတဲ့ အာဖရိကမှာ အဲဒီလေးပတ်အတွင်း သေဆုံးမှုက ၈၀ရာခိုင်နှုန်းမြင့်တက်လာတယ် လို့လည်းသူကပြောပါတယ်။
 
“ ခက်ခက်ခဲခဲ ရထားတဲ့တိုးတက်မှုတွေဟာ အန္တရာယ်ရှိနေတယ်၊ ဆုံးရှုံးနေတယ်။ နိုင်ငံအတော်များများရဲ့ ကျန်းမာရေးစနစ်တွေဟာ ဒုက္ခတွေ့နေတယ်” လို့ တက်ဒရိုစ်က သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။
 
ဒယ်လ်တာမျိုးဗီဇကွဲကို ယခုအခါ နိုင်ငံပေါင်း ၁၃၂နိုင်ငံမှာ တွေ့ထားပြီးပါပြီ။ အခု ကမ္ဘာကြီးကို မင်းမူနေတဲ့ မျိုးကွဲ ဖြစ်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။
“ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လက်ရှိ အတည်ပြုထားတဲ့ ကာကွယ်ဆေးတွေဟာ ဒယ်လ်တာအပါအဝင် မျိုးဗီဇကွဲအားလုံးကနေဖြစ်တဲ့ ပြင်းထန်တဲ့ရောဂါနှင့် ဆေးရုံတက်ရမှုကို သိသိသာသာကာကွယ်ပေးထားပါတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်ကုသရေးဆိုင်ရာ ထိပ်တန်းပညာရှင် မိုက်ခ်ရိုင်းကပြောပါတယ်။
 
ကျွန်တော်တို့ဟာ ဗိုင်းရပ်စ်ကိုတိုက်နေတယ်။ဒါပေမယ့် ဗိုင်းရပ်စ်က ပိုပြီးမြန်လာပြီး လူအများကြားထဲမှာ ကူးစက်နိုင်ဖို့ ပိုပြီးလိုက်ဖက်ပြောင်းလဲနေတယ်။ အဲဒါပြောင်းလဲခြင်းပဲ” လို့ သူကပြောပါတယ်။
ဒယ်လ်တာဟာ အခုအထိ အလွယ်ဆုံးကူးစက်နိုင်တဲ့ မျိုးဗီဇကွဲဖြစ်နေတယ်။ ၂၀၁၉နှစ်ကုန်ပိုင်းမှာ တရုတ်မှာတွေ့ခဲ့တဲ့ယခင်ရှိပြီးသား မျိုးဗီဇကွဲတွေထက် သူက ၅၀ ရာခိုင်နှုန်းခန့် ပိုပြီးကူးစက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကိုဗစ်-၁၉ နည်းပညာအဖွဲ့ကိုဦးဆောင်နေတဲ့ မာရီယာဗန်ကာဟော့ဗ်က ပြောပါတယ်။
နိုင်ငံအနည်းငယ်က ဆေးရုံတက်ရတဲ့နှုန်းတွေမြင့်တက်လာတယ်လို့ အစီရင်ခံတယ်။ဒါပေမယ့် ဒယ်လ်တာကြောင့် သေဆုံးမှုမြင့်တက်လာတယ်ဆိုတာကိုတော့ မှတ်တမ်းတင်မထားကြသေးဘူး”လို့သူမကပြောပါတယ်။
 
ဂျပန်နိုင်ငံ၊တိုကျိုမြို့တော်အိုလံပစ်ပွဲတော်နှင့် အိုဆာကာအနီးတစ်ဝိုက်က စီရင်စုနယ်သုံးခုမှာ အရေးပေါ်အခြေအနေကို တိုးချဲ့မယ်လို့ ဂျပန်နိုင်ငံက သောကြနေ့က ကြေညာပါတယ်။ တိုကျိုနှင့် နိုင်ငံတစ်လွှားမှာ ကိုဗစ်-၁၉ကူးစက်မှုမြင့် တက်လာပြီး အဲဒါက နွေရာသီအိုလံပစ်ပွဲတော်ကို လောင်းရိပ်မိစေနေပါတယ်။
ဂျပန်တစ်နိုင်ငံလုံးမှာ ကူးစက်မှုအသစ်တစ်သောင်းခန့် ရှိနေတဲ့အချိန်မှာ တိုကျိုဟာ လွန်ခဲ့တဲ့ ၂၄နာရီအတွင်း ကူးစက်မှုအသစ်၃၀၀၀ရှိခဲ့ပါတယ်။
 
Source: Reuters