Published 19 February 2022

တရုတ်နိုင်ငံရဲ့ ဦဆောင် ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ ဖော First Automotive Works (FAW) က ဂျာမန်ကား      ကုမ္ပဏီကြီး အော်ဒီ Audi နှင့်ပူးပေါင်းပြီး လျှပ်စစ်ကားတွေထုတ်လုပ်မယ့် စီမံကိန်းကို သောကြာနေ့က တရားဝင်စတင်လိုက်ပါတယ်။ အဲဒီလျှပ်စစ်ကားသီးသန့်ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ကျိလင်းပြည်နယ်မြို့တော် ချမ်းချွန်မှာ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

အဲဒီစီမံကိန်းရဲ့ရင်းနှီးမြှပ်နှံမှုတန်ဖိုးဟာ တရုတ်ယွမ်ငွေ ၃၅.၈ ဘီလီယံဖြစ်ပြီး အဲဒါဟာ အမေရိကန်ဒေါ်လာ ၅.၆၆ဘီလီယံခန့် နှင့်ညီမျှပါတယ်။

Source CMG