Published 19 February 2022

ယူကရိန်းနိုင်ငံထဲက ကိုယ့်ကိုကိုယ်ကြေညာထားတဲ့ ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံဒေသမှာရှိတဲ့ အရပ်သားတွေဟာ နေရပ်ကိုစွန့်ခွာပြီး ရုရှားနယ်စပ်က စစ်ဆေးရေးဂိတ်တစ်ခုမှာ ရုရှားကိုဝင်ရောက်ဖို့ တန်းစီနေကြပါတယ်။

ယူကရိန်းရဲ့ခွဲထွက်ရေးဒေသနှစ်ခုက ခေါင်းဆောင်တွေက ဖေဖော်ဝါရီ ၁၉ရက်စနေနေ့မှာ အဲဒီကအရပ်သားတွအပေါ် အထွေထွေစုရုံးခြင်းအမိန့်  ကြေညာထားပြီးနောက် ယခင်ဆိုဗီယက်နိုင်ငံဟောင်းတစ်ခုမှာ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်မှုကြီးထွားလာနေကြတာဖြစ်ပါတယ်

အရန်ထားထားတဲ့ ကျွန်တော်တို့ရဲ့ ပြည်သူတွေ စစ်မှုထမ်းရုံးကိုလာရောက်ကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ ယနေ့မှာ ကျွန်တော်ဟာ အထွေထွေ စစ်စည်းရုံးခြင်းအမိန့်ကိုထုတ်ပြန်ပါတယ် လို့ ကိုယ့်ဘာသာကိုယ်ကြေညာထားတဲ့ ဒွန်ညက်ပြည်သူ့သမ္မတနိုင်ငံရဲ့ခေါင်းဆောင်ဒင်းနစ်ပူရှီလင်ကရုပ်သံနှင့်သတင်းထုတ်ပြန်ပါတယ်

လုဂန့်စ်ခွဲထွက်ရေးဒေသခေါင်းဆောင် လီယိုနစ်ပါရှက်နစ်ခ်ကလည်း ကျူးကျော်ရန်စမှုကိုတွန်းလှန်ဖို့ ပြင်ဆင်ရေး အမိန့်တစ်ရပ်ကိုလည်းထုတ်ပြန်လိုက်ပါတယ်

ယူကရိန်းပြသနာကြောင့် ရုရှားနှင့် အနောက်အုပ်စုအကြား တင်းမာမှုတွေကြီးထွားနေပြီး ရုရှားဟာ ယူကရိန်းကို မကြာမီကျူးကျော်မှာသေချာတယ်လို့ အမေရိကန်သမ္မတ ဂျိုဘိုင်ဒင်က ပြောဆိုထားတဲ့အချိန်မှာပဲ ခွဲထွက်ရေး ခေါင်းဆောင် နှစ်ဦးရဲ့ကြေညာချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ယူကရိန်းစစ်တပ်နှင့် မော်စကိုကထောက်ခံထားတဲ့ ခွဲထွက်ရေးသမားတွေအကြား ၂၀၁၄ခုနှစ်မှာ စတင်ခဲတဲ့ တိုက်ပွဲတွေကတည်းကနေ ယခုအထိ လူပေါင်း တစ်သောင်းလေးထောင်ကျော် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

Source AFP