တရုတ်နိုင်ငံရဲ့ ဇူရောင်း အင်္ဂါဂြိုလ်သွားယာဉ်ဟာ ဂြိုလ်နီကြီးရဲ့ ရှုပ်ထွေးတဲ့မြေပြင်အခြေအနေကို စတင်ဖြတ်ကျော်ကူးသန်းသွားလာနေပြီဖြစ်ပါတယ်။ အဲဒီမြေပြင်ဟာ ကျောက်ခဲတွေ၊ဥက္ကာခဲတွေ၊သဲတောင်ပူစာတွေနှင့် ပွထနေတယ်လို့ တရုတ်နိုင်ငံအမျိုးသားအာကာသအာဏာပိုင်(CNSA) ကသောကြာနေ့မှာ ပြောပါတယ်။