Published:31 July 2021
အမေရိကန်ဒုတိယသမ္မတ ကမ်မလာဟာရစ်ဟာ လာမယ့်လမှာ အရှေ့တောင်အာရှက ဗီယက်နမ်ကို သွားရောက်လည်ပတ်မယ်လို့ အိမ်ဖြူတော်ကပြောပါတယ်။ပြီးရင် စင်္ကာပူကိုဆက်သွားမယ်လို့လည်း ပြောပါတယ်။
 
သူဟာ ဒေသတွင်းလုံခြုံရေး၊ ကိုဗစ်-၁၉အပေါ်ကမ္ဘာလုံးဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှု၊ရာသီဥတုပြောင်းခဲခြင်းကိစ္စတို့ကို ဆွေးနွေးသွားမှာဖြစ်ပြီး စည်းမျဉ်းအခြေပြု နိုင်ငံတကာအစီအစဉ်တွေကို တိုးမြှင့်ဖို့ ပူးတွဲကြိုးပမ်းသွားမယ့်ကိစ္စတွေလည်းပါဝင်မယ်လို့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဆိုင်မွန်းဆန်ဒါးက ပြောတယ်လို့ ရိုက်တာက သတင်းပေးပို့ပါတယ်။
 
တစ်ခါတုန်းကအမေရိကန်ရဲ့ရန်သူတော်ဖြစ်ခဲ့တဲ့ ဗီယက်နမ်ဟာ အခု အမေရိကန်ရဲ အဓိကမိတ်ဖက်နိုင်ငံအဖြစ် နှင့် တောင်တရုတ်ပင်လယ်နယ်နိမိတ်ပိုင်ဆိုင်မှုမှာ အတိုက်အခံအဖြစ်ပြောဆိုနေသူအဖြစ် ပေါ်ထွန်းလာနေပါတယ်။ ဟာရစ်ရဲ့ ခရီးစဉ်ဟာ ဟနွိုင်းကို ဒီတစ်ပတ်ထဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ရဲ့ခရီးအဖြစ် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
 
“ သမ္မတ ဘိုင်ဒင်နှင့် ဒုသမ္မတဟာရစ်တို့ဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်ပြုမှုတွေကို ပြန်လည်တည်ဆောက်ဖို့နှင့် ကျွန်တော်တို့နိုင်ငံလုံခြုံမှုကိုထိန်းသိမ်းဖို့ ထိပ်တန်းဦးစားပေးသတ်မှတ်ထားပါတယ်။ လာမယ့် ခရီးစဉ်ဟာ ဒီအလုပ်တွေဆက်လုပ်ဖို့ဖြစ်တယ်” လို့ ဟာရစ်ရဲ့ခရီးနှင့်ပတ်သက်တဲ့ အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
သွားမယ့်ရက်အတိအကျကို အိမ်ဖြူတော်ကမပြောပေမယ့် ရက်ကညှိနှိုင်နေတုန်းပဲလို့ သံတမန်တွေကပြောပါတယ်။
တနင်္ဂနေံနေ့က အမေရိကန်ပြည်ထောင်စုဟာ မိုဒါနား ကိုဗစ်ကာကွယ်ဆေး သုံးသန်းကို ဗီယက်နမ်ကိုပို့ပေးခဲ့ကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
 
Source :Reuters