Published 17 Feb 2022

ထိုင်းနိုင်ငံက ယင်းရဲ့မြို့တော်ဘန်ကောက်ကို ခရန်သက်မဟာနက်ခွန် Krung Thep Maha Nakhon အမည်ကို တရားဝင်ပြောင်းလဲမယ်လို့ ထိုင်းနိုင်ငံ တော်ဝင်အဖွဲ့အစည်း ORST Office of Royal Society ကကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဘန်ကောက်ဆိုတဲ့အမည်ကိုတဲ့ ဆက်လက်သုံးစွဲနိုင်တယ်လို့ပြောပါတယ်။

ထိုင်းအစိုးရအဖွဲ့က အမည်ပြောင်းတာကို အင်္ဂါနေ့က အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထပ်မံလေ့လာမှုနှင့်အတူ ဥပဒေကြမ်းစိစစ်ရေးကော်မတီ တစ်ခုက အတည်မပြုမပေးမချင်း အဲဒီအမည်သစ်ကို အသုံးပြုလို့မရသေးဘူးလို့သိရပါတယ်။

ဘန်ကောက်ဆိုတဲ့အမည်ကို ORST ရဲ့ကြေညာချက်နှင့် ၂၀၀၁ခုနှစ်နိုဝင်ဘာကတည်းက တရားဝင်သုံးစွဲခဲ့တာပါ။အဲဒီအမည်ဟာ ဘန်ကောက်နွိုင်နှင့် ဘန်ကောက်ရိုင်ခရိုင်တွေရှိတဲ့ ဘန်ကောက်နေရာဟောင်းကနေ လာတာဖြစ်ပါတယ်။ သမိုင်းအရတော့ ဘန်ကောက်ဆိုတဲ့အမည်ကို နှစ်ကာလရှည်သုံးစွဲခဲ့တာဖြစ်ပါတယ်။

အဲဒီအပြင်  ကွာလာလမ်ပူ၊ရောမ၊နေပြည်တော်၊ကတ္တမန်ဒူတို့ရဲ့ ထိုင်းအမည်နှင့်စာလုံးပေါင်း၊ State of Palestine ကို ထိုင်းစာလုံးပေါင်းတို့ကိုပါ ORST ကကြေညာခဲ့ပါတယ်။

Source Bangkok Post