Published 17 February 2022

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ  လက်ပံပွင့်တွေဟာ မျက်စေ့ပသာဒဖြစ်စရာ ပန်းပွင့်ကလေးတွေမျှသာ မကဘဲ ညစာ စားပွဲမှာ အသားတုံးလေးတွေနှင့် ရောမွှေကြော်စားရတဲ့ အရသာရှိတဲ့ ဟင်းလျာတစ်မျိုးလည်းဖြစ်နေပါတယ်။

ယူနန်ပြည်နယ် ယွမ်ကျန်းစီရင်စုသူတစ်ဦးဖြစ်တဲ့ ပိုင်ရှုဖန်းဟာ ကလေးဘဝအရွယ်ကတည်းက လက်ပန်ပွင့်ချိန်ရောက်တိုင်း အစားအစာအတွက်ပြင်ဆင်ဖို့ လက်ပံပွင့်တွေသွားကောက်လေ့ရှိပါတယ်။ လက်ပံပင်ကြီးမှာ နှစ်စဉ်ဖေဖော်ဝါရီလမှာ လက်ပံပွင့်တွေ ဝေအောင်ပွင့်တတ်ကြပါတယ်။

Source CMG/CCTV