Published 12 Feb 2022

ရုရှားနှင့် ဘီလာရု(စ်)တို့ဟာ ဘီလာရုစ်နိုင်ငံရဲ့ အိုဆီပိုဗင်ချီစကီ လေ့ကျင့်ရေးကွင်းမှာ  ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု ဖေဖော်ဝါရီ၁၀ရက်က ပြုလုပ်ခဲ့ပါတယ်။

အဲဒီပူးတွဲလေ့ကျင့်မှုမှာ ဒုံကျည်ပစ်လောင်ချာတွေအများကြီးကနေ ဒုံးကျည်တွေတစ်ပြိုင်နက်ပစ်လွှတ်စမ်းသပ်ခဲ့ကြတဲ့ဗွီဒီယိုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပေးခဲ့ပါတယ်။

ယူကရိန်းကိုရုရှားကကျူးကျော်တော့မယ်လို့ အနောက်နိုင်ငံတွေက စိုးထိတ်နေကြပြီး စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့အချိန်မှာ ဒီစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြတာပါ။

စစ်အေးတိုက်ပွဲပြီးဆုံးပြီးကတည်းက မမြင်ရတဲ့ တင်းမာမှုအဆင့်တစ်ခုဟာ  ရုရှားနှင့် အနောက်နိုင်ငံတွေအကြား ရောက်ရှိနေတာဖြစ်ပါတယ်။

Source AFP