ပြင်သစ်နိုင်ငံပါရီမြို့က နာမည်ကျော် ရှိးမေရတနာဆိုင်ကို ဇူလိုင်(၂၈)ရက်က လက်နက်ကိုင်လူတစ်ဦးက ယူရိုသုံးသန်းအထိ တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေကို ဓားပြတိုက်သွားခဲ့ပါတယ်။ အဲဒီသူဟာ ရှိးမေရတနာဆိုင်ကို စကူတာယာဉ်စီးပြီး ရောက်လာတာဖြစ်ပါတယ်။ ဒီဓားပြတိုက်လုယက်မှုဟာ ညနေခင်းမှာ ဖြစ်ခဲ့ပြီး ရဲတင်းလွန်းတဲ့ လုယက်မှုတစ်ခုလို့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က အေအက်ဖ်ပီကိုပြောပါတယ်။