Published-29 July 2021

ပြီးခဲ့တဲ့အပတ်က အစိုးရကိုသိမ်းယူထိန်းချုပ်ခဲ့တဲ့ တူနီးရှားသမ္မတ ကိုဆေးက နိုင်ငံကနေ ဒေါ်လာဘီလျံများစွာ ခိုးယူခံခဲ့ရပြီး စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ထောင်မကျချင်ရင် ပိုက်ဆံတွေကိုပြန်အပ်ကြဖို့ ကမ်းလှမ်းလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က သူဟာ တူနီးရှားကုန်သည်ကြီးများသမဂ္ဂ ဥက္ကဋ္ဌ ဆာမီးယားမာဂျိုးက တွေ့ဆုံရာမှာ သမ္မတ”ဆေး”က လုပ်ငန်းရှင် ၄၆၀ဦးဟာ တူနီးရှားနိုင်ငံရဲ့ ငွေအမေရိကန်ဒေါ်လာ၄.၈ဘီလျံ အလစ်သုတ်ခဲ့တယ်လို့ အပြစ်တင်လိုက်ပါတယ်။
သူက အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ပစ်မယ်လို့ပြောကြားလိုက်သလို တူနီးရှားလုပ်ငန်းရှင်တွေအပေါ် ဒုက္ခပေးတာမျိုး အနိုင်ကျင့်တာမျိုး လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ပြောလိုက်ပါတယ်။
“ ကျွန်တော်အနေနဲ့စီမံကိန်းတွေကိုကတိပေးပြီး အပေးအယူအနေနဲ့ ပြည်သူငွေတွေ လုယူကြ၊ အခွန်ရှောင်ကြတဲ့ လုပ်ငန်းရှင်တွေကို တရားစွဲပြီးထောင်ချပစ်မယ့်အစား သူတို့နှင့် ပြန်လည်စေ့စပ်ဆွေးနွေးတဲ့ အဖွဲ့တစ်ခုဖွဲ့စည်းဖို့အဆိုပြုပါတယ်” လို့ သမ္မတရုံးက ဖြန့်ဝေတဲ့ အစည်းအဝေးဗွီဒီယိုတစ်ခုမှာ သူကပြောကြားခဲ့ပါတယ်။
“ဆေး”ရဲ့စာရင်းထဲက လုပ်ငန်းရှင်တွေရဲ့အမည်ကို သူတို့နိုင်ငံကခိုးသွားတဲ့ ပိုက်ဆံပမာဏာ အလိုက်တန်းစီထားတယ်လို့ ဆိုပါတယ်။ သမ္မတအဆိုပြုချက်ထဲမှာ နောက်ဆယ်နှစ်အတွင်း တူနီးရှာမှာ ကျောင်းတွေ၊ဆေးရုံတွေ၊နှင့် အခြား အရေးကြီး လူမှုအခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ သူတို့ဆီက ရန်ပုံငွေတောင်းဖို့လည်းပါဝင်ပါတယ်။
ကုန်သည်တွေအနေနဲ့ နိုင်ငံချစ်စိတ်နှင့် ဈေးတွေကိုလျှော့ပေးဖို့ သူက တောင်းဆိုလိုက်ပြီး ကုန်ပစ္စည်းတွေ ဈေးကစားတဲ့သူတွေကို အပြစ်ပေးမယ်လို့လည်း သမ္မတက ကတိပေးလိုက်ပါတယ်။
သမ္မတရဲ့အစိုးရကိုဖယ်ထုတ်ပြီး အာဏာရယူခဲ့တာကို အတိုက်အခံတွေက “အာဏာသိမ်း” တယ်လို့ တံဆိပ်ကပ် လိုက်ပါတယ်။ ပြီးတော့ ထောက်ခံသူတွေကို လမ်းမတွေပေါ်ထွက်ကြဖို့ကိုလည်းနှိုးဆော်လိုက်ပါတယ်။ ဒါပေမယ့် သမ္မတ “ဆေး” ကလည်း အခြေအနေထိမ်းမရရင် စစ်တပ်က ကျည်ဆံနှင့်တုန့်ပြန်ရလိမ့်မယ်လို့ ပြန်ပြီးသတိပေးလိုက်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။
Source: RT News