Published 4 February 2022

တရုတ်နှင့်ရုရှားဆက်ဆံရေးကို ပိုမိုသန်စွမ်းအားကောင်းအောင်ဆောင်ရွက်မယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဘေဂျင်းကို ရောက်ရှိနေတဲ့ ရုရှားသမ္မတ ပူတင်နှင့်တွေ့ဆုံစဉ်ပြောကြားလိုက်ပါတယ်။

သောကြာနေ့ညမှာကျင်းပတဲ့ ဘေဂျင်း၂၀၂၂အိုလံပစ်ဆောင်းရာသီအားကစားပွဲတော်ဖွင့်ပွဲမတိုင်ခင် ရှီဟာ ပူတင်နှင့် တွေ့ဆုံ ခဲ့တာဖြစ်ပါတယ်။

၂၀၁၄ခုနှစ်တုန်းက ဆိုချီအိုလံပစ်ဆောင်းရာသီအားကစားပွဲကို ရုရှားတွင်ကျင်းပခဲ့စဉ်က သူတက်ရောက်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦးဟာ နောင်ရှစ်နှစ်ကကြာရင် ဘေဂျင်းမှာ ထပ်ဆုံကြမယ်လို့ သဘောတူခဲ့ကြတာကို ရှီကျင့်ဖျင်က ပြန်ပြောင်းပြောဆိုပါတယ်။

Source CCTV Plus