Published 4 February 2022
ကိုလံဘီယာပို့ဆောင်ရေးရဲတွေဟာ ဖေဖော်ဝါရီ (၁)ရက်က ကိုလံဘီယာအနောက်မြောက်ပိုင်း လာပင်တာဒါအရပ်က လမ်းတစ်လမ်းပေါ်မှာ မောင်းနှင်နေတဲ့ လူနာတင်ယာဉ်တစ်စီးပေါ်ကနေ ကိုကင်း ၁၂၀ ကီလိုဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီလူနာတင်ယာဉ်ပေါ်ပါလာတဲ့ သူက သူ့ကိုယ်သူ ဆရာဝန်တစ်ဦးလို့ပြောပါတယ်။ သူက ကိုဗစ်လူနာကို သယ်ဆောင်လာတာလို့ ရဲအရာရှိတွေက မေးမြန်းတဲ့အခါ ပြောခဲ့တာပါ။

Source AFP