Published 4 February 2022

နက်ဖလစ် Netflix ရဲ့ နံပါတ်(၁)ထိပ်ဆုံးကပြေးနေတဲ့ စီးရီးအသစ် "All Of Us Are Dead “ကျွန်ုပ်တို့အားလုံးသေဆုံးခဲ့ပြီ”ကို အဲဒီစီးရီးထဲမှာပါတဲ့  သွေးဆာနေတဲ့ ဖုတ်ကောင်တွေရဲ့မြင်ကွင်းတွေကြောင့် တစ်ကမ္ဘာလုံးကပရိသတ်တွေက နှစ်ချိုက် နေကြပါတယ်။ ဒါပေမယ့် လူငယ်ပရိသတ်တော်တာ်များများအတွက်တော့ အဲဒီမြင်ကွင်းတွေဟာ တောင်ကိုးရီးယားရဲ့ နာကျင်ခံစားရတဲ့  သတိရစရာတွေထဲက တစ်ခုဖြစ်တဲ့ သိပ်မကြာသေးခင်က ဖယ်ရီသင်္ဘောနစ်မြုပ်ခဲ့တဲ့ ကြောက်ဖက်ဖွယ် အကောင်းဆုံးဘေးဆိုးကြီးကို ပြန်ဖော်ထုတ်သလိုဖြစ်နေပါတယ်။

ကိုရီးယားစကားပြော အဲဒီစီးရီးထဲက ဇာတ်ဝင်ခန်းတော်တော်များများဟာ ၂၀၁၄ခုနှစ်တုန်းက လူပေါင်း၃၀၄ဦးသေဆုံးခဲ့ရဲတဲ့ ဆီဝေါင်းဖယ်ရီသင်္ဘောနစ်မြုပ်မှုဘေးဒုက္ခဆိုးကြီးကို နှလုံးကြေကွဲစရာ ပြန်လည်သတိပေးနေတယ်လို့ တွစ်တာမှာ ရေးသားနေကြ ပါတယ်။ အဲဒီသေဆုံးသူ ၃၀၄ဦးထဲမှာ ကလေးငယ်၂၅၀ပါဝင်ပြီး သူတို့လေးတွေဟာ ဆိုးလ်မြို့ဆင်ခြေဖုံးက အထက်တန်း  ကျောင်းတစ်ကျောင်းထဲက ကျောင်းသားကျောင်းသူတွေပါ။

အဲဒီစီးရီးရဲ့ အပိုင်းသုံးပိုင်းကြည့်ပြီးတဲ့အခါ ဖယ်ရီနစ်မြုပ်ခဲ့တဲ့ကြေကွဲစရာဖြစ်ရပ်ကိုပဲ သူတို့ပြေးမြင်နေမိကြပါတယ်လို့ တွစ်တာမှာ တစ်ဦးကပြန်လည်မျှဝေထားပါတယ်။

“ကလေးတွေက အားကိုးတစ်ကြီးရှိခဲ့တဲ့ လူကြီးတွေက ကလေးတွေကို ဘယ်လောက်များလျစ်လျူရှုခဲ့ကြသလဲ” လို့ တွစ်တာမှာ  ငိုယိုနေတဲ့ အီမိုဂျီအရုပ်ကလေသုံးရုပ်နှင့်အတူ ရေးတင်ထားပါတယ်။

အမ်ဗွီ ဆီဝေါင်းဖယ်ရီသင်္ဘောဟာ အင်ချီယွန်ကနေ ဂျေဂျူကို အသွားမှာ ၂၀၁၄ခုနှစ် ဧပြီ၁၆ရက်က နစ်မြုပ်ခဲ့ ရတာဖြစ်ပါတယ်။

ခရီးသည်တွေကို သင်္ဘောထဲဆက်နေပေးကြဖို့ ပြောပြီးတဲ့နောက် သင်္ဘောမာလိန်မှူးအပါအဝင် သင်္ဘောအမှုထမ်း  တော်တော် များများက သင်္ဘောကိုစွန့်ပြီးကိုယ်လွတ်ရုန်းခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီးမှာ လူတွေ ဒေါသူပုန်ထခဲ့ကြရပါတယ်။

ကိုးရီးယားရဲ့ ရို့ကျိုးတဲ့ ယဉ်ကျေးမှုဓလေ့ကြောင့် ကျောင်းသူကျောင်းသား အနည်ငယ်ကသာ အဲဒီအမိန့် အပေါ်   မေးခွန်းထုတ်ခဲ့တဲ့အတွက် ကလေးတွေရာနှင့်ချီသေဆုံးခဲ့ရတာပါ။

အဲဒီဖြစ်ရပ်နှင့်ဆင်တူစွာပဲ “ ကျွန်ုပ်တို့အားလုံးသေဆုံးခဲ့ပြီ” ဆိုတဲ့ စီးရီးမှာ  ဖုတ်ကောင်ဗိုင်းရပ်စ်တွေ က ကျောင်းကို သိမ်းပိုက်လိုက်တဲ့အခါ အထက်တန်းကျောင်းသူကျောင်းသားတွေဟာ သူတို့ကိုယ်သူတို့ ကာကွယ်စောင့်ရှောက်ဖို့ ကျန်ရစ်ခဲ့ကြပါတယ်။ကလေးတွေက အကူအညီသွားတေင်းကြတဲ့အခါ သူတို့ရဲ့ဆရာတွေတော်တော်များများဟာ အသုံးမကျ၊ အတ္တကြီးမားနေကြတာကို တွေ့ကြရပါတယ်။

ပြကွက်တော်တော်များများမှာ အဝါရောင်ဖဲကြိုးကလေးတွေကို အသားပေးဖော်ပြထားပါတယ်။ အဲဒီအဝါရောင်ဖဲကြိုးကို ဆီဝေါင်းကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီးရဲ့ သင်္ကေတအဖြစ် မှတ်ယူထားကြတာဖြစ်ပါတယ်။

နောက်ပြကွက်တစ်ခုမှာ ကျောင်းသူကျောင်းသားတွေက သူတို့ရဲ့မိဘတွေထံ ဗွီဒီယိုမက်ဆေ့ချ်ရုပ်သံသွင်းနေကြတာကိုတွေ့ရ ပါတယ်။ သင်္ဘောနစ်တဲ့အခါ နောက်ဆုံးနှုတ်ဆက်တဲ့ဗွီဒီယိုမက်ဆေ့ချ်တွေပို့ကြတာကို သတိရစရာဖြစ်ပါတယ်။

“ကျွန်ုပ်တို့အားလုံးသေဆုံးခဲ့ကြပြီ” ဆိုတဲ့ စီးရီးကို ပြီးခဲ့တဲ့သောကြာနေ့က နက်ဖလစ်မှာ စတင်ပြသခဲ့တာပါ။  အဲဒီကားဟာ အခုဆို ကမ္ဘာ့နိုင်ငံပေါင်း ၉၁နိုင်ငံမှာ အင်္ဂလိပ်စကားပြောမဟုတ်တဲ့ ဇာတ်ကားများထဲမှာ ထိပ်ဆုံး၁၀ကားစာရင်းမှာ နံပါတ်(၁) ချိတ်ထားပါတယ်။

နစ်ဖလစ်ရဲ့အဆိုအရ ပထမ(၃)ရက်အတွင်းမှာပဲ နာရီပေါင်း ၁၂၄.၇၉သန်းအထိကြည့်ရှုသူများခဲ့တယ်လို့ဆိုပါတယ်။ အခုဆို နက်ဖလစ်ရဲ့ လူကြိုက်များဆုံးစီးရီးဖြစ်လာပါပြီ။

ဒီစီးရီးမတိုင်ခင် စကွစ်ဂိမ်း ဟာ အကြီးအကျယ်အောင်မြင်ခဲ့ပါတယ်။ အဲဒါကြောင့် နက်ဖလစ်ဟာ ၂၀၂၂ခုနှစ်အတွင်း ကိုးရီးယား စကားပြောစီးရီးပေါင်း၂၅ခုအထိ ထုတ်လွှင့်ပြသဖို့ရှိနေပါတယ်။

Source Insider