Published: 30 January 2022

ယူကရိန်သမ္မတ ဗိုလိုဒီမီယာဇဲလင်စကီးက ရုရှားတို့အနေနှင့် ယူကရိန်းကို ကျူးကျော်လိုတဲ့ရည်ရွယ်ချက် တကယ်မရှိဘူး ဆိုရင် သက်သေပြဖို့ သောကြာနေ့က တောင်းဆိုလိုက်ပါတယ်။ နယ်စပ်မှာ ရုရှားရဲ့ တပ်တွေ အစုလိုက်အပြုံလိုက်ချထားတဲ့ နောက်ပိုင်းမှာ သူက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

သူက ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်မှာ သတင်းစာဆရာတွေနှင့် တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်‌ ပြောကြားခဲ့တာပါ။

Source AFP