တရုတ်နိုင်ငံအရှေ့ပိုင်းက ဆိပ်ကမ်းမြို့ကွမ်ဇောင်းကို ယူနက်စကိုအဖွဲ့ကြီးက ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီနေရာဟာ တစ်ခါတုန်းက အီတလီလူမျိုး မာကိုပိုလိုက " အင်မတန်ကြီးကြယ်ခမ်းနားမြင့်မြတ်တဲ့မြို့ "ဆိုပြီး ချီးကျုးခဲ့တဲ့မြို့ဖြစ်ခဲ့တာပါ။ အဲဒါကြောင့် တရုတ်နိုင်ငံမှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာ (၅၆) နေရာအထိရှိလာပြီလို့ CGTN ကသတင်းပေးပို့ပါတယ်။