#WorldHealth
Published - 28 January 2022


ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ ဆေးခြောက်မှာပါဝင်တဲ့ စိတ်ကြွရူးသွပ်ခြင်းကိုမဖြစ်စေတဲ့ နာမည်ကြီးဒြပ်ပေါင်းတစ်ခုဟာ ကိုဗစ်ရောဂါကို ကုသကာကွယ်ပေးနိုင်ဖို့ အလားအလာရှိကြောင်း သုတေသီတွေက ပြောကြားလိုက်ပါတယ်။

ကန်နာဘီဒိုင်အောလ် (CBD)ကို ဓာတ်ခွဲခန်းလေ့လာမှုများစွာပြုလုပ်ခဲ့ရာ ကိုဗစ်ရောဂါကို ကာကွယ်ကုသနိုင်ဖို့ အလားအလာတွေတွေ့ခဲ့ရတာကြောင့် မီဒီယာတွေကလည်း အထူးစိတ်ဝင်စားနေကြပါတယ်။

ကင်ဆာနဲ့အခြားရောဂါတွေကို ကုသရာမှာ အသုံးပြုလေ့ရှိတဲ့ ဟိုက်ဒရော့ဆီကလိုရိုကွင်းနဲ့ အမျိုးမျိုးသောဆေးဝါးတွေဟာ စမ်းသပ်ဖန်ပြွန်ထဲမှာ ကိုဗစ်ရောဂါကိုကုသနိုင်ချေရှိခဲ့ပေမယ့် ကိုဗစ်လူနာတွေနဲ့ လက်တွေ့စမ်းသပ်ရာမှာတော့ မအောင်မြင်ခဲ့ပါဘူး။

ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ CBD က ခန္ဓာကိုယ်ဆဲတွေထဲမှာ SARS-CoV-2 ကူးစက်မှုကို ထိန်းချုပ်နိုင်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပေမယ့် လူနာတွေမှာ အသုံးဝင်နိုင်တယ်လို့တော့ တပ်အပ်မပြောပါဘူးလို့ ဦးဆောင်သုတေသနပြုခဲ့တဲ့ ချီကာဂိုတက္ကသိုလ်မှ မာရှာရော့စ်နာက ပြောကြားသွားပါတယ်။

သောက်ဆေးပမာဏခန့်ရှိပြီး အထူးသန့်စင်ထုတ်လုပ်ထားတဲ့ CBD ပမာဏအနည်းငယ်ကို ဝက်ရူးပြန်လူနာတွေမှာ အသုံးပြုဖို့ ခွင့်ပြုထားပြီးပြီဖြစ်ပါတယ်။
CBD ရဲ့ လုပ်ဆောင်ပုံက ဗိုင်းရပ်စ်က ဆဲလ်အတွင်းသို့ဝင်ရောက်သွားတဲ့အခါ ဗိုင်းရပ်စ်ပုံတူပွားခြင်း မပြုလုပ်နိုင်အောင် တားဆီးပေးပါတယ်။

အဲဒီဖြစ်စဉ်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားတဲ့ ကြွက်တွေမှာလည်း တွေ့ရှိရကြောင်း Science Advances ဂျာနယ်မှာ ဖော်ပြထားပါတယ်။ဝက်ရူးပြန်ရောဂါပြင်းထန်တဲ့လူတွေကို လေ့လာကြည့်ရာမှာ ခွင့်ပြုချက်ရ CBD ဆေးဝါး သောက်သုံးသူတွေဟာ ကိုဗစ်ရောဂါကူးစက်နိုင်ချေနည်းပါးကြောင်း သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။

စိတ်ကြွခြင်းကို ဖြစ်စေတဲ့ THC, CBDA, CBDV, CBC, CBG စတဲ့ဒြပ်ပေါင်းတွေဟာ ဗိုင်းရပ်စ်ကို ဆဲလ်တွေထဲမဝင်ရောက်နိုင်အောင် မတားဆီးပေးနိုင်သလို ဗိုင်းရပ်စ်ပုံတူပွားခြင်းကိုလည်း မကာကွယ်ပေးနိုင်ပါဘူး။

'ရော့စ်နာ'နဲ့အဖွဲ့က အပျော့စားကိုဗစ်ရောဂါတွေကို အဓိကထားပြီး စမ်းသပ်မှုတွေပြုလုပ်သွားဖို့ရှိပါတယ်။မီဒီယာတွေက ကိုဗစ်ရောဂါကိစ္စမှာ ဆေးခြောက်ကို အမွှမ်းတင်လွန်းအားကြီးတယ်လို့ ပြောလိုက်ပြီး လူတွေအနေနဲ့ ကာကွယ်ဆေးတွေမထိုး၊ နှာခေါင်းစည်းတွေ မတပ်တော့မှာကို စိုးရိမ်ရတယ်လို့ သတိပေးလိုက်ပါတယ်။

ဆေးခြောက်ပမာဏအချို့က ကိုဗစ်ရောဂါကို ကုသကာကွယ်နိုင်ပေးတယ်လို့ ပြောချင်ပေမယ့် တကယ်တမ်းကတော့ ကိုဗစ်ကာကွယ်ဆေးကရတဲ့ ပဋိပစ္စည်း antibody နဲ့ antibody အခြေပြုဆေးဝါးတွေကသာ ရောဂါကူးစက်မှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ကြောင်း ရော့စ်နာကဆိုပါတယ်။
Source: Reuters