Published 26 January 2022

အိန္ဒိယနိုင်ငံက ဇန်နဝါရီ ၂၆ရက်နေ့မှာ သမ္မတနိုင်ငံနေ့ စစ်ရေးပြအခမ်းအနားကို နယူးဒေလီမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့် အင်အားလျော့ချပြီးကျင်းပတဲ့ အဲဒီစစ်ရေးပြအခမ်းအနားကို ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ကြီးမှူး တက်ရောက်ခဲ့ပါတယ်။ နယူးဒေလီမြို့တော်ရဲ့လမ်းမျာပေါ်မှာ တင့်ကားတွေနှင့်စစ်ကားတွေဟာ ဝန်ကြီးချုပ်မိုဒီကိုချီတက် အလေးပြုခဲ့ကြပါတယ်။ ယမန်နှစ်က ဧည့်ပရိသတ်နှစ်သောင်းခွဲနှင့်ကျင်းပခဲ့ပေမယ့် ယခုနှစ်သမ္မတနိုင်ငံနေ့ပွဲကိုတော့ အင်အား ငါးထောင်နှင့် ရှစ်ထောင်အကြားအထိ လျှော့ချခဲ့ပါတယ်။ နိုင်ငံခြားက အထူးဧည့်သည်တော်တွေလည်း တက်ရောက် ခြင်းမရှိပါဘူး။

Source AFP