Published-26 July 2021
ကိုဗစ်-၁၉ကုသရေးမှာ အသုံးပြုဖို့ ထိုင်းနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်ဌာနက ထိုင်းအစိုးရပိုင်ဆေးဝါးစက်ရုံက ထုတ်လုပ်တဲ့ Favipiravir ဖာဗစ်ပီယာဗီယာ ဆေးကို ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။
အဲဒီ Favipiravir ဆေးပြားတွေကို ထိုင်းနိုင်ငံပိုင် အစိုးရဆေးဝါးဆိုင်ရာအဖွဲ့အစည်း (ဂျီပီအို)က ထုတ်လုပ်တာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ကိုဗစ်ကုသရေးမှာ လိုအပ်ချက်တွေမြင့်မားလာလို့ အခုလိုခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။
ဂျီပီအိုရဲ့ ပညာရှင် နန်တက်ကန်ဆူဝန်ပီတက်ကွန်းက ထိုင်းနိုင်ငံရဲ့ပြည်တွင်းထုတ် Favipiravir ဆေးပြားတွေဟာ နိုင်ငံခြားက တင်သွင်းတဲ့ အဲဒီအမျိုးအစားဆေးပြားတွေနှင့် အာနိသင်ချင်းတူပေမယ့် ဈေးက တစ်ဝက်လောက်သက်သာတယ်လို့ပြောကြောင်း ဗီယက်နမ်သတင်းအေဂျင်စီကရေးသားပါတယ်။
ထိုင်းနိုင်ငံဟာ တစ်ရက်ကို Favipiravirဆေးပြားပေါင်း သုံးသိန်းခန့်လိုအပ်နေပြီး တစ်လကို ဆေးပြားကိုးးသန်းလိုအပ် တာဖြစ်ပါတယ်။ ခပ်စောစောပိုင်းတုန်းက ဂျီပီအိုအနေနှင့် ကိုဗစ်-၁၉ တတိယလှိုင်းမှာ ကုသဖို့ ဆေးပြားပေါင်း ၅.၅သန်း ပြည်ပက တင်သွင်းခဲ့ရပါတယ်။
ယခုရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှုတွေဟာ စံချိန်တင်မြင့်မားနေပါတယ်။ ဇူလိုင်၂၅ရက်နံနက်အထိ ၂၄နာရီအတွင်းကူးစက်မှုအသစ် ၁၅၃၃၅ခုရှိခဲ့ပြီး ယခုအခါ တစ်နိုင်ငံလုံးမှာကူးစက်သူ ၄၉၇၃၀၂ ဦးရှိနေပြီဖြစ်ပါတယ်။ အဲဒီနေ့က သေဆုံးသူ ၁၂၅ဦးရှိပြီး စုစုပေါင်း ၄၀၅၉ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံပြီးသူ၁၅.၃သန်းရှိပြီလို့လည်း သတင်းကရေးသားပါတယ်။
Source VNA