Published 24 January 2022

ဒယ်လ်တာမျိုးကွဲက အမေရိကန်ပြည်ထောင်စုမှာ ပျံ့နှံ့လာနေတဲ့အချိန်တုန်းက မိုဒါနာကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီး သူတွေဟာ ဖိုင်ဇာထိုးထားသူတွေထက် ရောဂါကူးစက်ခံရမှု အလွန်နည်းပါးတာကိုတွေ့ရပြီး အကယ်၍ကူးစက်ခံရသည့်တိုင် ဆေးရုံတက်ရသူတွေ သိပ်မရှိ ဘူးလို့ ကျယ်ပြန်တဲ့ သုတေသနတွေ့ရှိချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

သုတေသနပညာရှင်တွေဟာ အားမြင့်ကာကွယ်ဆေးမထိုးထားရသေးတဲ့အပြင် ကိုဗစ်ကူးစက်မခံဖူးသေးတဲ့ ကာကွယ်ဆေး ထိုးပြီးသူပေါင်း ခြောက်သိန်းသုံးသောင်းခုနှစ်ထောင်ကျော်ရဲ့ ကျန်းမာရေးအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်ခဲ့ကြပါတယ်။အဲဒီအခါ ဖိုင်ဇာကာကွယ်ဆေးထိုးထားသူတွေထဲမှာ ၂၀၂၁ခုနှစ် ဇူလိုင်ကနေ နိုဝင်ဘာလအထိ ဆေးထိုးထားလျက်နှင့် ကူးစက်ခံရသူတွေဟာ လူတစ်ထောင်မှာ ၂.၈ဦးအထိရှိတာတွေ့ကြရပါတယ်။ အဲဒီအချိန်မှာ မိုဒါနာထိုး ထားသူတွေကတော့ လူတစ်ထောင်မှာ ၁.၆ဦးပဲ ပိုးကူးစက်မှုရှိတာတွေ့ရပါတယ်။ အဲဒီဆေးနှစ်မျိုးစလုံကတော့ သေဆုံးမှုကို အညီအမျှကာကွယ်ပေးနိုင်ကြပါတယ်။ ဒါပေမယ့် ဆေးရုံတက်ရသူတွေကတော့ မိုဒါနာဆေးထိုးသူတွေမှာ ၁၂.၇ရာခိုင်နှုန်းနှင့် ဖိုင်ဇာထိုးထားသူတွေမှာ ၁၃.၃ ရာခိုင်နှုန်းဖြစ်ကြောင်းလည်းတွေ့ရှိကြရပါတယ်။

အဲဒါကြောင့် သုတေသနပညာရှင်တွေက မိုဒါနာထိုးထားသူ ၆၂၅၈၄နှင့် အရွယ်ပမာဏတူတဲ့ ဖိုင်ဇာထိုးထားးသူတွေကို နှိုင်းယှဉ်လေ့လာတဲ့အခါ မိုဒါနာအုပ်စုဟာ ဖိုင်ဇာအုပ်စုထက် ပိုးကူးစက်နိုင်ခြေ၁၅ရာခိုင်နှုန်းလျော့နည်းနေတာကို မြင်တွေ့ကြရပါတယ်။

ကာကွယ်ဆေးထိုးပြီးလျက်နှင့်ကူးစက်ခံရနိုင်ခြေမှာ ကွာခြားမှုရှိပေမယ့် ဆေးနှစ်မျိုးစလုံးကတော့ ကိုဗစ်ကူးစက်မှုကို ကောင်းကောင်းကြီး ကာကွယ်ပေးနိုင်ကြပါတယ်။ အထူးသဖြင့် ကူးစက်မှုကြောင့် ရောဂါအခြေအနေအဆိုးဆုံးဖြစ်လာ မှာကိုပါပဲ” လို့ ပူးတွဲစာတမ်းရေးသားသူ ကေ့စ်ဝက်စတန်းရီဆာ့ဗ် ဆေးတက္ကသိုလ်က ပင်မလာ ဒေးဗစ်က ပြောပါတယ်။

Source Reuters