Published 24 January 2022

ရုရှားရဲ့ စပွတ်နစ်ခ်ဗွီကာကွယ်ဆေးထိုးထားသူတွေက ထွက်ရှိတဲ့ အိုမီခရွန်ကိုကာကွယ်နိုင်တဲ့ ပဋိပစ္စည်းအဆင့်ဟာ ဖိုင်ဇာ ထိုးထားသူတွေလောက် များများစားစား ကျဆင်းမှုမရှိကြောင်း အသေးစား ကနဦး ဓာတ်ခွဲခန်းလေ့လာမှုအရသိရှိရပါတယ်။

ရုရှားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုရန်ပုံငွေရဲ့ထောက်ပံ့မှုနှင့် ရုရှားနှင့်အီတလီတို့ပူးတွဲလေ့လာမှုမှာ စပွတ်နစ်ကာကွယ်ဆေးထိုးထား တဲ့သူတွေနှင့် အခြားကာကွယ်ဆေးထိုးထားသူတွေရဲ့ သွေးရည်ကြည်တွေကို နှိုင်းယှဉ်လေ့လာခဲ့ကြတာဖြစ်ပါတယ်။

သုတေသနပညာရှင်တွေဟာ ကာကွယ်ဆေးတစ်မျိုးကို ဒုတိယအကြိမ်ထိုးပြီးနောက် သုံးလနှင့် ခြောက်လအကြာရှိနေသူတွေ ရဲ့ သွေးရည်ကြည်နမူနာတွေကိုလေ့လာမှုပြုခဲ့ကြပါတယ်။ အဲဒီအခါ စပွတ်နစ်ဗွီဒုတိယအကြိမ်ထိုးထားပြီးသူတွေဟာ ဖိုင်ဇာ ထိုးထားသူတွေထက် အိုမီခရွန်ကို ပိုပြီးခုခံကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာတွေ့ရှိခဲ့ကြတယ်လို့ ပြောပါတယ်။

သုတေသနပြုရာမှာ စပွတ်နစ်ဗွီထိုးထားသူ ၅၁ဦးနှင့် ဖိုင်ဇာထိုးထားသူ ၁၇ဦးတို့ပါဝင်ကြပါတယ်။

“ တတိယမြောက်အားမြှင့်ကာကွယ်ဆေးလိုအပ်တယ်ဆိုတာ ဒီကနေ့မှာထင်ရှားပါတယ်” လို့ ဇန်နဝါရီ ၁၉ရက်က ထုတ်ပြန်တဲ့ သူတို့ရဲ့လေ့လာမှုစာတမ်းမှာ ဖော်ပြထားပါတယ်။

စပွတ်နစ်ဗွီထုတ်လုပ်တဲ့ ဂမ်မီလီယာအင်စတီကျူရဲ့ အစောပိုင်းကနဦးလေ့လာမှုအရ စပွတ်နစ်ဗွီ အားမြှင့်ကာကွယ်ဆေး ကနေရရှိတဲ့ အိုမီခရွန်အပေါ် ခုခံပစ္စည်းဟာ စပွတ်နစ်ဗွီကိုပဲ နှစ်ကြိမ်ထိုးထားသူတွေထက် ပိုမိုအားကောင်းတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

“ အိုမီခရွန်နှင့်ဒယ်လ်တာပေါင်းစပ်မှုက စိန်ခေါ်နေတဲ့အချိန်မှာ အခြားကာကွယ်ဆေးတွေကရရှိတဲ့ အာနိသင်ကို စပွတ်နစ် လိုက်အားမြှင့်ဆေးက ပိုမိုအားကောင်းလာစေတယ်”

Source Reuters