Published 24 January 2022

ရုရှားရဲ့စစ်ရေးလှုပ်ရှားမှုခြိမ်းခြောက်မှုကြောင့် ယူကရိန်းမှာရှိနေကြတဲ့ အမေရိကန်သံရုံးဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေ နိုင်ငံကထွက်ခွာကြဖို့ နှင့် အမေရိကန်နိုင်ငံသားအားလုံးလည်း ယူကရိန်းမှထွက်ခွာဖို့ စဉ်းစားကြဖို့ အမေရိကန်အစိုးရက ဇန်နဝါရီ ၂၃ရက် တနင်္ဂနွေနေ့မှာ အမိန့် ထုတ်ပြန်လိုက်ပါတယ်။

မော်စကိုဟာ ယင်းရဲ့တပ်တွေကို အိမ်နီးချင်း ယူကရိန်းနယ်စပ်မှာ အမြောက်အများချထားနေတဲ့အချိန်မှာ သောကြာနေ့က ကျင်းပတဲ့ အမေရိကန်နှင့်ရုရှား သံတမန်တွေရဲ့ဆွေးနွေးပွဲဟာ ကြီးမားတဲ့ရလာဒ်ထွက်ပေါ်ခြင်းမရှိခဲ့ဘဲ အဆုံးသတ်ခဲ့ ရပါ တယ်။

ရုရှားလိုလားတဲ့ ခေါင်းဆောင်ကို ကိဗ်မှာ ထားရှိဖို့ ကရင်မလင်က ကြိုးစားနေတယ်လို့ တနင်္ဂနွေနေ့မှာ ဗြိတိန်က စွပ်စွဲခဲ့ ပါတယ်။

ကိဗ်မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက တိုက်ရိုက်အလုပ်ခန့်ထားတဲ့ ဝန်ထမ်းတွေကို မိမိတို့ဆန္ဒအလျောက် ထွက်ခွာကြဖို့ နှင့် တရားဝင်သတ်မှတ်ထား တဲ့ မိသားစုဝင်တွေကို ထွက်ခွာကြဖို့ အမိန့် ထုတ်ပြန်  လိုက်တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“ အမေရိကန်နိုင်ငံသားတွေအနေနှင့် ခရီးသည်တင်လေယာဉ်တွေနှင့် အခြားကိုယ်ပိုင်သယ်ယူပို့ဆောင်ရေးအစီအစဉ်တွေနှင့် ယူကရိန်းကနေ ယခုထွက်ခွာကြဖို့ စဉ်းစားသင့်တယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

 Source Reuters