Published: 22 July 2021
အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းဟာ တရုတ်နိုင်ငံကို ဇူလိုင်၂၅ရက်နေ ၂၆ရက်အထိ သွားရောက် မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်၂၁ရက်ကကြေညာလိုက်ပါတယ်။ ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနှစ်နိုင်ငံရဲ့ဆက်ဆံရေးမှာ နက်နက်ရှိုင်းရှိုင်းအခက်ပွေနေတာကို ထိန်းကျောင်းနိုင်မယ့် နည်းလမ်းတွေကိုရှာဖွေ နေတဲ့အလျောက် ယခုခရီးစဉ်ပေါ်ထွက်လာတာဖြစ်တယ်လို့ ရိုက်တာကရေးပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုတိယမြောက်အဆင့်မြင့်ဆုံးဖြစ်တဲ့ ရှာမန်းဟာ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အခြားအရာရှိများကို ဘေဂျင်းမြို့တော် အရှေ့တောင်ဖက်က တီယန်ကျင်းမြို့မှာတွေ့ဆုံမယ် လို့သိရပါတယ်။ ရှာမန်ဟာ နှစ်လမပြည့်ခင် သူ့ရဲ့ ဒုတိယမြောက်အာရှခရီးကို ဂျပန်၊တောင်ကိုရီးယားနှင့် မွန်ဂိုလီးယားတို့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။
ရှာမန်ဟာ ဇူလိုင်၂၇မှာ အိုမန်ကိုလည်းသွားရောက်ဦးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။
တရုတ်မှာပြောဆိုမယ့်ကိစ္စတွေက ပွင့်ပွင်းလင်းလင်းအမြင်မလှယ်တာ၊ အမေရိကန်ရဲ့အကျိုးစီးပွားနှင့်တန်ဖိုးတွေကို တိုးမြှင့်တာနှင့် ဆက်ဆံရေးကို တာဝန်သိစွာစီမံဆောင်ရွက်တာစတဲ့ အမေရိကန်ရဲ့ ဆက်သွားနေတဲ့ ကြိုးပမ်းအားထုတ်မှုတစ်စိတ်တစ်ဒေသဖြစ်ပါတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ရှာမန်းဟာ အမေရိကန်က အပြင်းအထန်ပူပန်နေတဲ့ တရုတ်ရဲ့လုပ်ရှားဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ နှစ်နိုင်ငံ အကျိုးစီးပွားတူညီတဲ့ကိစ္စတွေကို တရုတ်နှင့်ဆွေးနွေးမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ တရုတ်ကိုသွားမယ့် ရှာမန်းခရီးစဉ်ကို ကြိုတင်ခန့်မှန်းထားပေမယ့် အမေရိကန်ဘက်က ယခင်အပတ်ခရီးစဉ်တွေနှင့်အတူ ကြေညာခဲ့ခြင်း မရှိပါဘူး။
ဒီခရီးစဉ်ကနေ ယခုနှစ်နှစ်ကုန်ပိုင်းမှာဖြစ်နိုင်တဲ့ သမ္မတဂျိုးဘိုင်ဒင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ အဲဒီတွေ့ဆုံမှုဟာ အောက်တိုဘာလကုန်ပိုင်းလောက်မှာ ကျင်းပမယ့် ဂျီ-၂၀ထိပ်သီးဆွေးနွေးပွဲနှင့်ဆက်စပ်ပြီးဖြစ်နိုင်ပါတယ်လို့ ရိုက်တာကရေးသားပါတယ်။
အမေရိကန်က ခရီးစဉ်အတွက် အဆိုပြုခဲ့တာဖြစ်ပြီး အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဩာ ပထမဆုံးတရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကျီဖန်းနှင့်တွေ့ပြီးမှသာ ဝမ်ယိနှင့်တွေ့မှာဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
တရုတ်အနေနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊လုံခြုံရေးနှင့် အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအပေါ်မှာသာဆုပ်ကိုင်ထား မှာြဖစ်ပြီး အမေရိကန်အနေနှင့် တရုတ်ရဲ့ပြည်တွင်းရေးဝင်ရောက်စွက်ဖက်တာ၊တရုတ်ရဲ့အကျိုးစီးပွားကို အန္တရာယ်ပြုတာ တွေရပ်ပစ်ရမယ်လို့ အမည်မဖော်လိုသူ တရုတ်ပြောရေးဆိုခွင့်ရသူရဲ့ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာကရေးသားထားပါတယ်။
Source: Reuters