တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်မှာ  မိုးက သည်းထန်ဆုံးစံချိန်ချိုးပြီး ဆက်တိုက်ရွာနေတဲ့အတွက်‌ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေရာ ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေလုပ်ပေးနေကြရပါတယ် လို့ CGTN သတင်းဌာနကသတင်းပေးပို့ပါတယ်။

ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က အမြင့်ဆုံးအဆင့် အရေးပေါ်တုန့်ပြန်မှုတွေ စတင်လုပ်ဆောင်နေရပါတယ်။ မိုးရွာသွန်းမှုကနေ သဘာဝဘေးအန္တရာယ်ဖြစ်လာပြီး  ပြည်နယ်မြို့တော် ကျင်ဇောင်းမှာ လူ၁၂ ဦးသေဆုံးခဲ့ကာ ငါးဦးထိခိုက်ဒဏ်ရာရရှိနေပါတယ်။