#WorldHealth

Published-  7 December 2021

ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီး ၁၀ ပတ်မှ ၁၂ ပတ်အတွင်း mRNA ကာကွယ်ဆေးအမျိုးအစားတွေဖြစ်တဲ့ ဖိုင်ဇာနဲ့ မိုဒါနာတို့လို ဆေးတွေကို booster အားမြှင့်ကာကွယ်ဆေးအနေနဲ့ ထိုးနှံပါက antibody ခုခံအားကို အကောင်းဆုံးမြှင့်တင်ပေးတင်နိုင်ကြောင်း ဗြိတိန်မှာလေ့လာတွေ့ရှိထားပါတယ်။

အခုဆိုရင် ဖိုင်ဇာနဲ့ မိုဒါနာကာကွယ်ဆေးတွေကို booster အားမြှင့်ကာကွယ်ဆေးထိုးမယ့် အစီအစဉ်မှာ ဦးစားပေးဖော်ပြထားပါတယ်။ဖိုင်ဇာ-ဘိုင်အိုအင်န်တက်ခ်ကာကွယ်ဆေး စထိုးပြီးတဲ့အခါ booster အားမြှင့်ကာကွယ်ဆေး ၆ မျိုးက ရောဂါခုခံအားကို မြှင့်တင်ပေးနိုင်ပြီး အက်စ်ထရာဇန်နီကာ ကာကွယ်ဆေး စထိုးတဲ့သူတွေမှာ booster ၇ မျိုးစလုံးက ခုခံအားကိုမြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

"ကျွန်တော်တို့ စမ်းသပ်ထားသမျှ ကာကွယ်ဆေးအားလုံးက booster အားမြှင့်ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်ပြီး အမျိုးအစားမတူတဲ့ကာကွယ်ဆေးတွေကို ရောယှက်ထိုးနှံလိုရပါတယ်"လို့ ဆောက်သမ်တန်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဆာအူးလ်ဖော့စ်က ဆိုပါတယ်။

ဖိုင်ဇာ ဒါမှမဟုတ် အက်စ်ထရာဇန်နီကာ ကာကွယ်ဆေးတွေ ထိုးထားတဲ့သူတွေမှာ ဖိုင်ဇာ ဒါမှမဟုတ် မိုဒါနာ booster အားမြှင့်ကာကွယ်ဆေးထိုးနှံပါက antibody နဲ့ တီဆဲလ်ပမာဏကို ကောင်းကောင်းမြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိချက်တွေကို ကြာသပတေးနေ့က ဖော်ပြထားပါတယ်။

"ယူကေမှာ ကာကွယ်ဆေးရောစပ်ထိုးနှံခြင်းအားလုံးက ခုခံအားစနစ်ကို အတူတူနီးပါးမြှင့်တင်ပေးနိုင်ပြီး ထိရောက်မှုပေးစွမ်းနိုင်ပါတယ်"လို့ အီဒင်ဘာ့ဂ်တက္ကသိုလ်မှ ပရော်ဖက်ဆာ အယ်လင်နာရိုင်လေက ဆိုပါတယ်။

ဘယ်ကာကွယ်ဆေးကိုပဲထိုးထိုး booster အားမြှင့်ကာကွယ်ဆေးအဖြစ် အက်စ်ထရာဇန်နီကာ၊ နိုဗာဗက်စ်၊ ဂျွန်ဆန်အင်န်ဂျွန်ဆန်၊ ကူရာဗက် တို့ကို ထိုးနှံပါက antibody ခုခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။

ဗယ်လ်နီဗာ booster အားမြှင့်ကာကွယ်ဆေးဟာ အက်စ်ထရာဇန်နီကာ ထိုးထားတဲ့သူတွေမှာ antibody ပမာဏကို မြှင့်တင်ပေးနိုင်ပေမယ့် ဖိုင်ဇာထိုးထားတဲ့သူတွေမှာတော့ antibody မမြှင့်တင်ပေးနိုင်ပါဘူး။

booster အားမြှင့်ကာကွယ်ဆေးထိုးနှံခြင်းက ဘီတာနဲ့ ဒယ်လ်တာမျိုးဗီဇကွဲတွေကို တီဆဲလ်ကတုံပြန်နိုင်ဖို့ အကူအညီပေးနိုင်ပြီး ကြာရှည်စွာကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ အယ်လ်ဖာနဲ့ ဒယ်လ်တာမျိုးဗီဇကွဲကူးစက်ဖူးသူတွေမှာ ရောဂါပိုးဝင်ရောက်လာခြင်းကြောင့် ခန္ဓာကိုယ်ခုခံအားစနစ်ပြောင်းလဲဖြစ်ပေါ်လာပြီး ကာကွယ်ဆေးထိုးပြီးနောက် တီဆဲလ်တုံပြန်မှုအားကောင်းတာကိုလည်း တွေ့ရှိခဲ့ကြ ပါတယ်။

Source: Reuters