Published: 6 December 2021

ထိုင်းနိုင်ငံမှာ အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲ ပထမဆုံးကူးစက်မှု ဖြစ်နိုင်ချေရှိတာတစ်ခုကို တွေ့ရှိခဲ့တယ်လို့ တနင်္လာနေ့က အကြီးတန်းကျန်းမာရေးအရာရှိတစ်ဦးကပြောပါတယ်။

ဒုတိယမြောက်စစ်ဆေးမှုရလဒ်ကိုစောင့်ဆိုင်းနေရတဲ့ အဲဒီကူးစက်ခံရသူဟာ နိုဝင်ဘာလကုန်လောက်က စပိန်ကနေ ထိုင်းနိုင်ငံကို ပြန်လာတဲ့ အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦးဖြစ်တယ်လို့ ဆေးသိပ္ပံဌာနညွှန်ကြားရေးမှူးချုပ် ဆူပါကစ်ဆီရီလက်က ယနေ့သတင်းစာရှင်းလင်းပွဲမှာပြောတာဖြစ်ပါတယ်။

Updated:ထိုလူနာမှာ အိုမီခရွန်ကူးစက်ခံရသူဟု ထိုင်းက ထပ်မံအတည်ပြုပါတယ်။

Source Reuters