Published: 6 December 2021

Eli Lilly ရဲ့ နှစ်သွယ် ခုံခံအား ကိုဗစ်-၁၉ကုထုံးကို ရောဂါပြင်းထန်နိုင်တဲ့ အန္တရာယ်ရှိနေကြတဲ့ မွေးကင်းစကလေးတွေ အပါအဝင် အပျော့စားနှင့်အလယ်အလတ် ရောဂါ လက္ခဏာရှိနေတဲ့ ကလေးတွေကို ကုသရာမှာ အသုံးပြုဖို့ အမေရိကန် အစား အသောက်နှင့်ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့က အတည်ပြုလိုက်ပါတယ်။

အဲဒီကုထုံးဟာ ဘမ်လန်နီဗီမက်နှင့် အက်တီဆီဗီမက်တို့ပေါင်းထားတဲ့ bamlanivimab plus etesevim လို့ခေါ်ပြီး ကိုယ်အလေးချိန်အနည်းဆုံး ၈၈ပေါင်ရှိတဲ့ အသက်၁၂နှစ်နှင့်အထက်ကို ကုဖို့ခွင့်ပြုပြီးသားဖြစ်ပါတယ်။

“အသက်တစ်နှစ်အောက် ကလေးတွေဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ  ကိုဗစ်ရောဂါပြင်းထန်နိုင်တဲ့ အန္တရာယ်ရှိနေကြတယ်။ ယခုအတည်ပြုချက်ဟာ အဲဒီအားကိုးရာမဲ့နေတဲ့ လူအုပ်စုအတွက် ဆေးဝါးကုသမှုလိုအပ်ချက်ကို ဖြေရှင်းပေးလိုက်တာ ဖြစ်ပါတယ်” လို့ အက်ဖ်ဒီအေရဲ့ ဆေးဝါးအကဲဖြတ်သုတေသနစင်တာ ညွှန်ကြားရေးမှူး ပက်ထရီဇီယာ ကာဗက်ဇိုနီက ပြော ပါတယ်။

ဗိုင်းရပ်စ်နှင့်ထိတွေ့ထားတဲ့ ကလေးငယ်တွေအတွက် ဒီကုထုံးကို ကြိုတင်ကာကွယ်ရေးအဖြစ်အသုံးပြုဖို့ကိုလည်း အက်ဖ်ဒီအေက ခွင့်ပြုထားပါတယ်။

ဒါပေမယ့် ဒီကုထုံးဟာ ကာကွယ်ဆေးကို အစားထိုးတာတော့မဟုတ်ကြာင်း ကာဗက်ဇိုနီကပြောပါတယ်။

Source: JPost