#WorldHealth

Published - 5 December 2021

အိုမီခရွန်မျိုးဗီဇကွဲအသစ်ကို ပစ်မှတ်ထားပြီး ထုတ်လုပ်သွားမယ့် ကိုဗစ်ကာကွယ်ဆေးကို နိုဗာဗက်စ် (Novavax) ကုမ္ပဏီက နောက်နှစ်ဇန်နဝါရီလမှာ စတင်ထုတ်လုပ်သွားမှာဖြစ်ကြောင်း ကြာသပတေးနေ့က ပြောကြားသွားပါတယ်။

သူတို့ရဲ့လက်ရှိကာကွယ်ဆေးတွေက အိုမီခရွန်ကို ကာကွယ်ပေးနိုင်မလားဆိုတာကိုတော့ စမ်းသပ်နေဆဲဖြစ်ပါတယ်။နိုဗာဗက်စ်ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေရဲ့ antibody တွေက အိုမီခရွန်ကို ချေဖျက်နိုင်မလားဆိုတာကို နောက်လာမယ့်ရက်တွေအတွင်း အချက်အလက်တွေသိရတော့မှာဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားထားပါတယ်။

နိုဗာဗက်စ်က အိုမီခရွန်အတွက် ပစ်မှတ်ထားတဲ့ spike protein antigen ကို စတင်ထုတ်လုပ်နေပြီဖြစ်ပြီး လာမယ့်ရက်တွေအတွင်း ကာကွယ်ဆေးအသစ်ကို စတင်စမ်းသပ်သွားမှာဖြစ်ကြောင်း ဆိုလိုက်ပါတယ်။အိုမီခရွန်မျိုးဗီဇကွဲပျံ့ပွားမှုကြောင့် ဈေးကွက်စီးပွားရေးတွေ ယိုင်နဲ့လာပြီး လက်ရှိအသုံးပြုနေတဲ့ကာကွယ်ဆေးမှ ခုခံအားစနစ်တွေကို ရှောင်ရှားသွားနိုင်လားဆိုတာနဲ့ ပတ်သက်လို့ ကမ္ဘာတဝန်းမှာ စိုးရိမ်ပူပန်လျက်ရှိနေပါတယ်။
မိုဒါနာနဲ့ ဖိုင်ဇာကုမ္ပဏီတိုကလည်း အိုမီခရွန်ကို ပစ်မှတ်ထားပြီး ကိုဗစ်ကာကွယ်ဆေးတွေထုတ်လုပ်ဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။

နိုဗာဗက်စ်ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှားနိုင်ငံမှာ နိုဝင်ဘာအစောပိုင်းက ပထမဆုံးအသိအမှတ်ပြုခဲ့ပြီး ဖိလစ်ပိုင်မှာလည်း ထိုးနှံခွင့်ပြုထားပြီဖြစ်ပါတယ်။
Source: The Jerusalem Post