#WorldHealth

Published -  4 December 2021

ဆီလီကွန်လက်မောင်းအတုကို တပ်ဆင်ထားတဲ့ အီတလီလူမျိုးတစ်ယောက်က ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့စင်တာတစ်ခုကို ရောက်လာပြီး ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာလက်မှတ်ရန်အတွက် ဆေးထိုးမယ့်သူနာပြုကို လှည့်စားဖို့ ကြိုးပမ်းခဲ့ကြောင်း ဒေသပိုင်တာဝန်ရှိသူများက သောကြာနေ့က ပြောကြားလိုက်ပါတယ်။

အဲဒီလူဟာ အသက် ၅၀ ရှိပြီဖြစ်ပြီး ဘီယဲလ်လာမြောက်ဘက်မြို့က ရဲစခန်းမှာတိုင်ကြားခြင်း ခံလိုက်ရပါတယ်။သူ့ရဲ့လက်မောင်းအတုမှာ ထည့်ထားတဲ့ဆီလီကွန်က တကယ့်အသားအရည်ရဲ့ တော်တော်တူတယ်လို့ ဒေသအုပ်ချုပ်ရေးမှူးအယ်လ်ဘတ်တိုချီရီယိုက ဆိုပါတယ်။

"လက်မောင်းအသားအရောင်နဲ့ ကိုင်တွယ်ထိတွေ့မှုက ထူးခြားနေတာကြောင့် သူနာပြုက သံသဝင်လာပြီးတော့ လက်မောင်းတစ်ခုလုံးကို ပြခိုင်းလိုက်ပါတယ်။ လိမ်လည်မှုကြီးဆိုပေမယ့် နည်းနည်းတော့ရယ်ရပါတယ်"လို့ ချီရီယိုက ပြောထားပါတယ်။

အန်ဆာသတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဒီလူဟာ ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်တဲ့ လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်ခဲ့တာကြောင့် အလုပ်မှရပ်ဆိုင်းထားခဲ့ပါတယ်။

အစိုးရက ကျန်းမာရေးဝန်ထမ်းတွေအားလုံး ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေထိုးရမယ်လို့ သတ်မှတ်ထားပါတယ်။
Source: Reuter