Published 14 July 2021
အင်ဒိုနီးရှားဟာ ကိုဗစ်ပိုး တစ်နေ့တာတွေ့ရှိမှုအရေအတွက် အိန္ဒိယကိုကျော်လွန်သွားပြီလို့
အေဂျင်စီသတင်းတွေကရေးသား ပါတယ်။
အရှေ့တောင်အာရှရဲ့အကြီးဆုံးစီးပွားရေးဖြစ်တဲ့ အင်ဒိုနီးရှားမှာ ကူးစက်မှုမြင့်မားတဲ့ ဒယ်လ်တာမျိုးဗီဇကွဲကြောင့် အာရှရဲ့ ကပ်ရောဂါဗဟိုချက်အသစ်ဖြစ်လာနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ တစ်ရက်တည်းပိုးတွေ့သူလေးသောင်းကျော် နှစ်ရက်ဆက်တိုက်ဖြစ်ခဲ့တာပါ။ အင်္ဂါနေ့ကဆိုရင် တစ်ရက်တည်း ၄၇၈၉၉ ဦးတွေ့ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက တစ်ရက်မှာ အမျာဆုံးတစ်သောင်းပဲတွေ့ခဲ့ရာကနေ မြင့်တက်နေတာပါ။
ကူးစက်မြန်ကိုဗစ်မျိုးဗီဇကွဲပိုးဟာ အင်ဒိုနီးရှားရဲ့ အဓိကဂျာဗားကျွန်းအပြင်ဘက်ကို
ပျံ့နှံ့ကူးစက်နေပြီလို့ အာဏာပိုင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။
အင်ဒိုနီးရှားရဲ့ လက်ရှိကိန်းဂဏန်းဟာ အိန္ဒိယမှာ မေလတုန်းကရှိခဲ့တဲ့ တစ်ရက်ပိုးတွေ့သူလေးသိန်းထက် အများကြီးကွာနေပါသေးတယ်။ အိန္ဒိယရဲ့လူဦးရေကတော့ အင်ဒိုနီးရှားလူဦးရေသန်း၂၇၀ထက် ငါးဆများပါတယ်။
အင်ဒိုနီးရှားဟာ လူဦးရေရဲ့ ၁၀ရာခိုင်နှုန်းကာကွယ်ဆေးထိုးပေးခဲ့ပြီး အိန္ဒိယကတော့ ၁၄ရာခိုင်နှုန်းထိုးပြီးပါပြီ။ ဥရောပ သမဂ္ဂကတော့ သူတို့လူဦးရေရဲ့ ၄၆ရာခိုင်နှုန်းအထိ ထိုးပေးခဲ့ပြီး အမေရိကန်က လူဦးရေရဲ့ ၅၂ရာခိုင်နှုန်ထိုးနှံခဲ့ပြီးဖြစ်ပါတယ်လို့ ဘလွမ်းဘတ်ရဲ့ကာကွယ်ဆေးခြေရာခံကိန်းဂဏန်းများအရသိရပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးမှာ အခုလစောစောပိုင်းအထိလူလေးသန်းသေဆုံးခဲ့ပြီးဖြစ်ပါတယ်။