ကမ္ဘာပေါ်မှာ အနံအရသာဦးဆောင်ထုတ်လုပ်တဲ့အုပ်စုတွေထဲကတစ်ခုဖြစ်တဲ့ဆွစ်ဇာလန်ရဲ့ ဖာမီနစ်ချ်အုပ်စုဟာ အသားအစားထိုးစားသုံးနေကြတဲ့ ဈေးကွက်ကောင်းလာတဲ့အတွက် အဲဒီနေရာကို ရင်းနှီးမြှပ်နှံမှုတွေစတင်လုပ်ဆောင်နေပါတယ်။ သူတို့က အေအိုင်လို့ခေါ်တဲ့ ကွန်ပျူတာနည်းပညာသုံးဉာဏ်ရည်တုကိုအသုံးပြုပြီး အသားအမျိုးမျိုးရဲ့ အနံ့အရသာအမျိုးမျိုးကို ပဲအမျိုးမျိုးကနေ ထုတ်လုပ်တာဖြစ်ပါတယ်။