#WorldHealth_Omicron

Published - 3 December 2021

အိုမီခရွန်မျိုးဗီဇကွဲကြောင့် ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာနိုင်တာတွေအတွက် အာရှပစိဖိတ်နိုင်ငံတွေအနေနှင့် မိမိတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်နိုင်စွမ်းတွေနှင့် ကာကွယ်ဆေးအပြည့်အဝထိုးခြင်းတွေကို မြှင့်တင်ထားကြဖို့သင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့လက အာဖရိကမှာ စတင်တွေ့ရှိပြီး စိတ်ပူစရာမျိုးဗီဇကွဲအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ အိုမီခရွန် နှင့်ပတ်သက်လို့ သိပ္ပံပညာရှင်တွေဟာ ဘယ်လောက်အထိကူးစက်သလဲ၊ ဘယ်လောက်အထိရောဂါပြင်းထန်နိုင်သလဲဆိုတာ တွေသိရဖို့ အချက်အလက်တွေစုဆောင်းနေဆဲပါ။

အခုဆို အိုမီခရွန်ဟာ နိုင်ငံပေါင်း အနည်းဆုံး၂၄နိုင်ငံကူးစက်ပြီးပါပြီ။ ဒီတစ်ပတ်ထဲဩစတြေးလျ၊ဂျပန်၊တောင်ကိုးရီးယား၊စင်္ကာပူ၊မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာကူးစက်မှုတွေတွေ့လာရပြီး အာရှမှာ အိုမီခရွန်က စတင်ပြီးခြေကုပ်ယူနေပါပြီ။  အစိုးရတော်တော်များများက ခရီးသွားလာခွင့်စည်းမျဉ်းတွေကို တင်းကြပ်မှုဖြင့် ပြန်လည်တုန့်ပြန်လာနေရပါတယ်။

“ နယ်စပ်ထိန်းချုပ်မှုတွေနှင့် အချိန်ကိုဝယ်ထားလို့ရပေမယ့် တကယ်လို့ အသစ်ကူးစက်မှုတွေမြင့်တက်လာမှာကို လူ့အဖွဲ့အစည်းတိုင်းက ကြိုတင်ပြင်ဆင်ထားကြရတော့မယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အနောက်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး တာကီရှီကာဆိုင်းက  အွန်လိုင်းမီဒီယာသတင်းထုတ်ပြန်ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ လူတွေက နယ်စပ်ကိုထိန်းချုပ်တာတစ်ခုတည်းကို မှီခိုထားလို့မသင့်ဘူး။ အရေးအကြီးဆုံးက ကူးစက်မှုမြင့်မားနိုင်ချေရှိ နေတဲ့ ဒီမျိုးဗီကွဲတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ပဲဖြစ်တယ်။ ယခုထက်ထိရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ကျွန်တော်တို့ရဲ့ လက်ရှိချည်းကပ်ပုံကို ပြောင်းဖို့မလိုသေးဘူး လို့လည်းသူကပြောပါတယ်။

နိုင်ငံတွေဟာ ဒယ်လ်တာကိုရင်ဆိုင်ရတုန်းကရခဲ့တဲ့ သင်ခန်းစာတွေကိုရယူရမယ်။ အန္တရာယ်ရှိနေတဲ့ အုပ်စုတွေကို ကာကွယ်ဆေးအပြည့်ထိုးပေးရမယ်။ mask ဝတ်ဆင်တာ၊ခပ်ခွာခွာနေတာစတဲ့ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းတွေကို လက်တွေ့လုပ်ဆောင်ကြရမယ်လို့ သူကဆက်ပြောပါတယ်။

နိုင်ငံတကာခရီးသွားတွေကို တားမြစ်ထားတဲ့ကြားထဲကပဲ ဩစတြေးလျဟာ သောကြာနေ့(ယနေ့)မှာ အိုမီခရွန်ပြည်တွင်း ကူးစက်မှုတွေ့ရှိရတဲ့ နောက်ဆုံးနိင်ငံဖြစ်လာပါတယ်။ အမေရိကန်မှာ ပြည်တွင်းကူးစက်မှု(၅)ခုတွေ့ရှိပြီးနောက် ဩစတြေးလျ မှာဆက်တွေ့ရတာဖြစ်ပါတယ်။
Source: Reuters