Published 12 February 2024

ကျားအင်္ဂါမထောင်မတ်နိုင်ခြင်း ပြဿနာအတွက် ဆေးဖြစ်တဲ့ Viagra ဟာ အယ်လ်ဇိုင်းမားရောဂါကို တိုက်ဖျက်ဖို့အတွက် လိုအပ်နေတဲ့ဆေး ဖြစ်နေနိုင်ပါတယ်။

Viagra နဲ့အလားတူဆေးမျိုး အသုံးပြုတဲ့ အမျိုးသားတွေဟာ အခြားလူတွေထက်စာရင် ဒီမန်ရှာရောဂါ ခံစားရနိုင်ခြေ ၁၈ ရာခိုင်နှုန်း ပိုမိုနည်းပါးကြောင်း သုတေသီများ သုံးသပ်ခဲ့ကြပါတယ်။

ထိုဆေးတွေကို အများဆုံးအသုံးပြုသူတွေဟာ ဆေးအာနိသင် အများဆုံးရထားကြပါတယ်။

Viagra နဲ့ အလားတူဆေးတွေကပဲ အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေကို ကာကွယ်ပေးတာလား ဒါမှမဟုတ် ရောဂါဖြစ်နိုင်ခြေ နည်းတဲ့သူတွေကပဲ ဆေးကို အသုံးပြုမိကြတာလားဆိုတာ မသေချာသေးပါဘူး။

ထိုဆေးတွေကို အယ်လ်ဇိုင်းမားနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေရော အမျိုးသားတွေမှာပါ လေ့လာဖို့ လိုအပ်နေတယ်လို့ ဂါးဒီးယန်းသတင်းစာက ဖော်ပြခဲ့ပါတယ်။

မထောင်မတ်နိုင်တဲ့ ပြဿနာရှိနေတဲ့ အမျိုးသား ၂၆၀၀၀၀ ကျော်ကို သုတေသီအဖွဲ့က ဆန်းစစ်ကာ တဝက်ကျော်ကို Viagraဆေး အမှတ်တံဆိပ်အမျိုးမျိုးဖြင့် စမ်းသပ်ခဲ့ကြပါတယ်။

ဒီနောက် ထိုလူတွေကို နောက်ထပ် ၅ နှစ်ကြာ လေ့လာပြီး အယ်လ်ဇိုင်းမားအခြေအနေ စောင့်ကြည့်ခဲ့ကြပါတယ်။

ဆေးတွေက ဦးနှောက်ထဲက ပရိုတိန်းအညစ်အကြေးတွေကို ဖယ်ရှားပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတာ ဖြစ်ပါတယ်။

Viagra ဟာ မူလကတော့ နှလုံးအောင့်ခြင်းနဲ့ သွေးတိုးရောဂါကို ကုသရန် ထုတ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
Source: WION.
#World_Health
#Published_ 12 February 2024
#YMG_News #Yangon_Times #Yangon_Media_Group