၁၂ ဖေဖော်ဝါရီ ၂၀၂၄

ယခုအပတ် ရွေးကောက်ပွဲတွင် ထိပ်ဆုံးမှပြေးနေသည့် သမ္မတလောင်း ပရာဘိုဝို ဆူဘီယန်တိုကို ဘက်လိုက်ထောက်ခံပြီး မဲဆန္ဒရှင်များကို အာဏာအလွဲသုံးစားလုပ်ကာဆွယ်ခဲ့သည့် ရာထူးစွန့်တော့မည့် သမ္မတ ဂျိုကို ဝီဒိုဒို၏ လုပ်ရပ်ကို ကန့်ကွက် သည့်အနေဖြင့် ရာပေါင်းများစွာသော ကျောင်းသားကျောင်းသူများက တနင်္လာနေ့တွင် ဆန္ဒပြကြဖို့စီစဉ်ထားပါတယ်။

ဂျိုကိုဝီဟာ သူ့နေရာကို ဆက်ခံမယ့် သမ္မတလောင်း (၃)ဦးထဲက တစ်ဦးဦးကို အတိအလင်းထောက်ခံတာမလုပ်ခဲ့ပေမယ့် ပါရာဘိုဝိုကို ထူးထူးခြားခြားကို လူသိရှင်ကြားအတူတွဲထွက်ခဲ့တာတွေလုပ်ခဲ့ပါတယ်။ ဂျိုကိုဝီရဲ့အကြီးဆုံးသားကို ပါရာဘိုဝိုက သူ့ရဲ့ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ထားပါတယ်။

ပြီးခဲ့တဲ့အပတ်က စစ်တမ်း(၂)ခုအရ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပရာဘိုဝိုဟာ တစ်ကြိမ်တည်းနှင့်ပင် ဆန္ဒမဲ ထက်ဝက်ကျော်ရရှိလိမ့်ယ်လို့ ဆိုပါတယ်။ ပြိုင်ဘက်တွေဖြစ်တဲ့ အန်နီဘက်ဝီဒန်နှင့် ဂန်ဂျာပရာနိုဝိုတို့ကတော့  သူ့နောက်မှာ ၂၀ ရာခိုင်နှုန်းခန့်ကွာပြီး မဲတွေရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အချို့သော မဲဆန္ဒရှင်တွေက ဂျိုကိုဝို ကြားမနေတဲ့အပေါ် ဝေဖန်နေကြပြီး သူဟာ  သမ္မတလောင်တစ်ဦးတည်းကို မမျှတတဲ့ အသာစီးတွေပေးထားပြီး အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီကို သေးသိမ်အောင် လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။

“ သူဟာ ကျင့်ဝတ်နှင့်စာရိတ္တပိုင်းဆိုင်ရာတွေကို ချိုးဖောက်နေတယ်” လို့ ဂျာဗားကျွန်း ယိုဂျာကာတာမှ ဆန္ဒပြပွဲကြီးမှူး ကျင်းပသူတစ်ဦးဖြစ်တဲ့ အက်စီဂီဂျေနန်က အင်စတာဂရမ်မှာ ဝေဖန်ရေးသားပါတယ်။

များစွာသော လူ့အခွင့်အရေးအုပ်စုတွေကလည်း မြို့တော်ဂျာကာတာမှာ နောက်ထပ် ဆန္ဒပြပွဲတစ်ခုလုပ်ဖို့ စီစဉ်နေပါတယ်။

အင်ဒိုနီးရှားက စုံစမ်းဖော်ထုတ်သတင်းစာဆရာ ဒန်ဒီလက်ဆိုနိုရဲ့ သတင်းမှတ်တမ်းတစ်ခုထုတ်လုပ်ပြီးတဲ့နောက် ယခုလို ဆန္ဒပြပွဲစီစဉ်မှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အဆိုပါသတင်းမှတ်တမ်းရုပ်သံထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသဆိုင်ရာ ခေါင်းဆောင်တွေနှင့် အစိုးရ လူမှုဝန်ထမ်းအရင်းအမြစ်တွေအပါအဝင် အစိုးရအရာရှိတွေကို ပရာဘိုဝိုအတွက် အသုံးပြုနေ ကြတယ်လို့ စွပ်စွဲဖော်ပြထားပါတယ်။

အဲဒီရုပ်သံကို “ ညစ်ပတ်သည့်မဲ”လို့ အမည်ပေးထားပြီး ဒီတစ်ပတ်ထဲထုတ်လွှင့်ခဲ့ရာမှာ တနင်္လာနေ့အထိ ယူကျုတစ်ခုတည်း မှာ ကြည့်ရှုသူ လေးသန်းနီးပါးရှိခဲ့ပါတယ်။

ပရာဘိုဝိုရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က အဆိုပါစွပ်စွဲချက်ကိုပယ်ချလိုက်ပြီး အဲဒီရုပ်သံထဲမှာ အသေရေဖျက်ထားတာတွေ အများကြီးပါနေတယ် လို့ ပြောထားပါတယ်။

ရွေးကောက်ပွဲကာလအတွင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က အထိကရုဏ်းနှိမ်နှင်ရေးရဲ စုစုပေါင်း နှစ်သောင်းငါးထောင်ကို ဖြန့်ကျက် ချထားမှာဖြစ်ပါတယ်။

Source Reuters

@ymg/knl