Published 13 January 2024

ယောက်ျားတွေ ဝှေးစေ့အကန်ခံရခြင်းနဲ့ အမျိုးသမီးတွေ ကလေးမွေးခြင်းတို့မှာ ဘယ်ဟာက ပိုနာသလဲဆိုတာနဲ့ ပတ်သက်ပြီး သုတေသီများက နာကျင်မှုအတိုင်းအတာကို စမ်းသပ်ခဲ့ကြပါတယ်။

နာကျင်မှုဆိုတာက တစ်ယောက်ချင်းစီရဲ့ ခံနိုင်ရည်အပေါ်လည်း မူတည်နေပါသေးတယ်။

ဝှေးစေ့ကို ထိခိုက်တာဟာ အခြားဘယ်နေရာမဆို ထိခိုက်တာထက် ပိုမိုနာကျင်ရပြီး မူးဝေခြင်း၊ အော့အန်ခြင်းတို့အပြင် အပြင်းအထန် ထိခိုက်ပါက ဆေးရုံအထိ ရောက်တတ်ပါတယ်။

ဝှေးစေ့တွေရဲ့ မူလအစက ဝမ်းဗိုက်ကဖြစ်တာကြောင့် ဗိုက်ကနေပါ အောင့်တက်လာတတ်ပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာနဲ့ မျိုးပွားကိစ္စမှာလည်း ပတ်သက်နေတာကြောင့် အာရုံကြောအမျှင်များစွာ ရှိနေပါတယ်။

ဝှေးစေ့ထိခိုက်တာဟာ ယောက်ျားတွေအတွက် အနာကျင်ရဆုံးခံစားချက် ဖြစ်ပေမယ့် များသောအားဖြင့် အချိန်ခဏကြာတဲ့အခါ သက်သာသွားကြပြီး အဆိုးဆုံးအနေဖြင့် ဆေးရုံသို့ ထမ်းခေါ်ရတာမျိုး ရှိတတ်ပါတယ်။

ကလေးတစ်ယောက်ကို ၃ လက်မလောက်ရှိတဲ့ အပေါက်ငယ်လေးကနေ မွေးထုတ်ရတာ မနာဘဲဘယ်နေပါ့မလဲ။

လူသားတွေ မွေးဖွားတာဟာ အခြားသတ္တဝါတွေနဲ့ ကွဲပြားနေတတ်ပါတယ်။

အမျိုးသမီးတွေ ပထမဆုံးကလေးမွေးတဲ့အခါ အချိန် ၉ နာရီလောက်ကြာမြင့်တတ်ပါတယ်။

အဆင့်မြင့်နည်းပညာတွေ သန့်ရှင်းရေးစနစ်တွေ ရှိနေတာတောင် မိခင်နဲ့ ကလေးသေဆုံးမှုနှုန်းက အခြားသတ္တဝါတွေထက် မြင့်မားနေပါသေးတယ်။

နာရီနဲ့ချီကြာအောင် ကလေးမွေးနေတဲ့အချိန်မှာ သားအိမ်ခေါင်းနဲ့ ယောနိတို့က အဆုံးစွန်အထိ ချဲ့ထွင်ရပြီး ကလေးထွက်လာဖို့ အရိုးတွေ ဆန့်ထုတ်ရပါတယ်။

သန္ဓေသားကို မွေးလမ်းကြောင်းဆီရောက်ဖို့ သားအိမ်ကြွက်သားများ ကျုံ့ခြင်းက မခံမရပ်နိုင်အောင် နာကျင်ရပါတယ်။

မမွေးခင် ၉ လကြာအောင်လည်း စိတ်မောရပြီး မွေးတဲ့အခါ အသက်အန္တရာယ်ဖြစ်မှာကိုလည်း မိခင်များ ကြိုတင်တွေးတော ပူပန်တတ်ကြပါတယ်။

မွေးပြီးသွားချိန်မှာလည်း သွေးထွက်မလွန်စေရန်နဲ့ သားအိမ်ပုံမှန်အနေအထား ပြန်ရောက်စေရန် ကြွက်သားတွေ ကျုံ့နေတာကြောင့် ဆက်လက်နာကျင်ရပြန်ပါတယ်။

အဆိုပါ နာကျင်မှု ၂ မျိုးအပြင် အနာကျင်ရဆုံး အခြေအနေတစ်မျိုးကတော့ ကျောက်ကပ်ကျောက်တည်ခြင်းပါ။

ကျောက်ကပ်ထဲမှာ ကျောက်ဖြစ်တဲ့အခါ မနာကျင်ရပေမယ့် ဆီးသွားချင်လို့ ဆီးလမ်းကြောင်းထဲမှာ ပိတ်ဆို့သွားပြီဆိုရင် ကြွက်သားတွေကပါ ကျောက်ကိုညှစ်ထုတ်ရတာကြောင့် စတင်နာကျင်လာပြီး ကျောက်က အလွန်ကြီးပြီး ဆီးလမ်းကိုပိတ်သွားပြီဆိုရင် ကျောက်ကပ်ဖူးရောင်လာပါတယ်။

ကျောက်တည်ခြင်းခံစားဖူးတဲ့ ကလေးမိခင်တွေကတော့ ကျောက်ကပ်ကျောက်တည်ခြင်းဟာ ကလေးမွေးတာထက် ပိုနာကျင်ရတယ်လို့ ဖွင့်ဟထားကြပါတယ်။
Source: The Jerusalem Post
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News