Published 13 January 2024

ရေ ၁ လီတာခန့်ပါတဲ့ ပလတ်စတစ်ဗူးတစ်ဗူးမှာ အလွန်သေးငယ်တဲ့ နာနိုပလတ်စတစ် အပိုင်းအစပေါင်း ၂၄၀,၀၀၀ ကျော်ပါဝင်တယ်လို့ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပါတယ်။

အဏုဇီဝပလတ်စတစ်တွေ ရေသန့်ဗူးမှာ ပါဝင်တာကို မသိခဲ့ကြတာ မဟုတ်ပေမယ့် ထိုဗူးထဲကရေကို သောက်လိုက်တိုင်းမှာ နာနိုပလတ်စတစ်အမှုန့် ဘယ်လောက်ပါဝင်သလဲဆိုတာကိုတော့ ယခုသုတေသနမှာ တွေ့ရှိလာတာ ဖြစ်ပါတယ်။

ကိုလံဘီယာတက္ကသိုလ်မှ သုတေသီများ လေ့လာရာမှာ ပလတ်စတစ်အမှုန်ပေါင်း ၁၁၀,၀၀၀ မှ ၃၇၀,၀၀၀ ခန့်ပါဝင်တဲ့ ရေတစ်လီတာမှာ ၉၀ ရာခိုင်နှုန်းလောက်က နာနိုပလတ်စတစ်တွေ ဖြစ်ကြပါတယ်။

သုတေသနပြုစုသူ ဝေမင်းဖန်တီးလိုက်တဲ့ နည်းပညာအသစ်ဖြင့် ရေသန့်ဗူးတစ်လီတာမှာ ပလတ်စတစ်အမှုန်ပေါင်း ၂၄၀,၀၀၀ ကျော်ပါဝင်တာကို တွေ့ရှိခဲ့ပါတယ်။

နာနိုပလတ်စတစ်တွေဟာ အစာခြေစနစ်၊ အသက်ရှူစနစ်များသို့ ဝင်ရောက်နိုင်ကာ သွေးကြောထဲအထိ ရောက်ရှိနိုင်ပါတယ်။

ဆက်လက်ပြီး အရေးကြီးအင်္ဂါများမှာပါ စုပြုံလာကာ ဦးနှောက်သို့ ရောက်ရှိနိုင်ပြီး မမွေးရသေးတဲ့ သန္ဓေသားဆီကိုပါ ကူးစက်လာနိုင်ပါတယ်။

ပိုလီအီသိုင်လင်း ထရပ်သယ်လိတ်(PET)ဟာ ပလတ်စတစ်ဗူး ထုတ်လုပ်ရေးတွေမှာ အသုံးအများဆုံး နာနိုပလတ်စတစ် ဖြစ်ပါတယ်။

ပလတ်စတစ်ဗူး ထုတ်လုပ်စဥ်၊ အဖုံးအဖွင့်အပိတ် လုပ်စဥ်တို့မှာ အမှုန်တွေက ရေထဲရောက်သွားနိုင်ပါတယ်။

ပလတ်စတစ်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဘိုင်စဖီနောလ်၊ သယ်လိတ်စ်၊ ဒိုင်အောက်ဆင်၊ အော်ဂဲနစ်ပစ္စည်းများနဲ့ သတ္တုများဟာ ပမာဏများလာတဲ့အခါ ကင်ဆာဖြစ်နိုင်ခြေ များစေပြီး ကျောက်ကပ်၊ အသည်း၊ နှလုံး၊ မျိုးပွားစနစ်၊ အာရုံကြောစနစ်တို့ကို ထိခိုက်စေပါတယ်။

နာနိုပလတ်စတစ်တွေအကြောင်းကို သုတေသီများက ပိုမိုလေ့လာသွားမှာဖြစ်ပြီး အမှုန်ပိုမိုသေးငယ်ပါက ခန္ဓာကိုယ်တွင်းဝင်ရောက်ရန် လွယ်ကူကြောင်း ပြောပြသွားပါတယ်။
Source: India Today
#World_Health
#Published_ 13 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News