ဗြိတိန်သန်းကြွယ်သူဋ္ဌေး ရစ်ချတ်ဘရန်ဆန်ကို တင်ဆောင်လာတဲ့ ဗာဂျင်းဂါလက်စတစ်အာကာသယာဉ်ဟာ အာကာသခရီးပျံသန်းပြီးနောက် တနင်္ဂနွေနေ့က မြေပြင်ကို‌ အောင်မြင်စွာ ဆင်းသက်လာနိုင်ခဲ့ပါတယ်။ သူက အဲဒီခရီးကို ဘဝတစ်သက်တာအတွေ့အကြုံလို့ ခေါ်ဝေါ်လိုက်ပါတယ်။သူနှင့်အတူအခြားခရီးသည်အဖော်(၃)ဦးလည်းလိုက်ပါခဲ့ပါတယ်။