Published- 12 July 2021

အာဖဂန်နစ္စတန်စစ်ပွဲကိုဦးဆောင်ခဲ့တဲ့ အမေရိကန်ဗိုလ်ချူပ်ကြီး အော်စတင်မီလာဟာ ယနေ့တနင်္လာနေ့ကစပြီး စစ်တိုင်း ကိုစွန့်လွှတ်လိုက်ပြီလို့ အမေရိကန်အရာရှိတွေက ပြောကြားလိုက်ပါတယ်။ဒါဟာ တာလီဘန်သူပုန်တွေ အရှိန်တက်နေတဲ့အချိန်မှာ အမေရိကန်ရဲ့ အရှည်ကြားဆုံး ပဋိပက္ခတစ်ခုကို အဆုံးသတ်လိုက်ခြင်းရဲ့ သင်္ကေတတစ်ခုဖြစ်တယ်လို့ ရိုက်တာကရေးပါတယ်။

မီလာဟာ အာဖဂန်နစ္စတန်ရဲ့မြေပြင်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ နောက်ဆုံးနှင့် စတုတ္ထမြောက် ကြယ်လေးပွင့်ဗိုလ်ချူပ်ကြီး တစ်ဦးဖြစ်ပါတယ်။  ဆယ်စုနှစ်နှစ်စုကြာ စစ်ပွဲရဲ့ အာဖဂန်စစ်ရေးမစ်ရှင်ဟာ သမ္မတ ဂျိုးဘိုင်ဒင်သတ်မှတ်ပေးထားတဲ့ ဩဂုတ်၃၁ရက်မှာ နိဂုံးချုပ်ပါလိမ့်မယ်။

အာဖဂန်၊အီရတ်နှင့်ဆီးရီးယားလိုအရေးကြီးတဲ့ဒေသတွေကို ကွပ်ကဲရတဲ့ ဖလော်ရီဒါအခြေစိုက်ဗဟိုစစ်တိုင်းဌာနချုပ်ရဲ့ အမေရိကန်ကမ်းတက်တပ် ဗိုလ်ချူပ်ကြီးကက်နက်မက္ကဇင်းဟာ ကာဘူးကို လေယာယာဉ်နှင့်ရောက်ရှိလာပြီး အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေကို အနာဂတ်မှာ အမေရိကန်က ကူညီထောက်ပံ့ဖို့ကိစ္စတွေကို သူက လာရောက်ဆွေးနွေးတာြဖစ်ပါတယ်။

“ ဝန်ခံရမယ်ဆိုရင် အခုက အတိတ်ထက်ပိုခက်ခဲလိမ့်မယ်။ ကျွန်တော်ဒါကိုသေးမပစ်လိုက်ပါဘူး” လို့ သူက သတင်းထောက်တွေကိုပြောပါတယ်။ ကျွန်တော်တို့ သူတို့ကိုကူညီအားပေးမှာပါလို့သူကဆက်ပြောပါတယ်။

တာလီဘန်တွေနှင့် အာဖဂန်သမ္မတ အက်ရှ်ရပ်ဂန်နီအစိုးရတတို့အကြား ငြိမ်းချမ်းရေးသဘောတူမှုနှင့် စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန်ရဲ့အားထုတ်မှုဟာ မအောင်မြင်ခဲ့ပါဘူး။ အဲဒီစစ်ပွဲကိုပဲ တာလီဘန်တွေက စစ်ရေးအဖြေတစ်ခုအဖြစ် ရှာဖွေနေပုံရတယ်လို့ သူ့အမြင်ကိုပြောပါတယ်။

ပြည်နယ်မြို့တော်တွေဟာ အန္တရာယ်ရှိနေတယ်၊အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ အာဖဂန်တပ်တွေဟာ  အဲဒီမြို့တော်တွေအတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ထားကြတယ်လို့ သူကဆက်ပြောပါတယ်။

ဗိုလ်ချူပ်ကြီးမီလာက တာဝန်မှဆင်းသွားသည့်တိုင် အနောက်အုပ်စုကထောက်ခံထားတဲ့ ဂန်နီအစိုးရကို ကူညီတဲ့အနေနဲ့ မက္ကဇင်းဟာ တာလီဘန်တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်ဖို့ ဩဂုတ်၃၁ရက်အထိ အခွင့်အာဏာရှိနေပါတယ်။

Ref: Reuters