Published 13 December 2023 

 
ရေခဲစိမ်ရေချိုးခြင်းဟာ ကျန်းမာရေး ကုသမှုဆိုင်ရာနည်းလမ်း တစ်ခုဖြစ်ပြီး အပူချိန် ၁၀ မှ ၁၅ ဒီဂရီဆဲလ်စီးယပ်စ်ရှိတဲ့ ရေခဲရေ ဒါမှမဟုတ် ရေခဲတုံးတွေထဲမှာ အချိန်ခဏတာ ရေစိမ်ရတာ ဖြစ်ပါတယ်။ 
 
အားကစားသမားတွေ လှုပ်ရှားပြီးချိန်မှာ ရောင်ရမ်းခြင်းကို လျော့ကျပြီး အလျင်အမြန် သက်သာလာစေရန် ထိုကဲ့သို့ ရေချိုးတတ်ကြပါတယ်။ 
 
နည်းလမ်းမှန်ကန်စွာ အသုံးပြုပါက ကျန်းမာရေးအတွက် သင့်လျော်ပေမယ့် မှားယွင်းစွာ အသုံးပြုပါက ဘေးအန္တရာယ် ဖြစ်နိုင်ပါတယ်။ 
 
ရေခဲစိမ်ရေချိုးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့.. 
(၁) ခန္ဓာကိုယ်မှာ ရောင်ရမ်းခြင်းကို လျှော့ချပေးတာကြောင့် နာတာရှည် နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။ 
 
(၂) သွေးကြောများကို ကျုံ့စေပြီး ကြွက်သားဖောရောင်ခြင်းကို လျော့ကျစေကာ လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် အလျင်အမြန် သက်သာစေပါတယ်။ 
 
(၃) သွေးဖြူဥဆဲလ်များ ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါကူးစက်များမှ ကာကွယ်ပေးပါတယ်။ 
 
(၄) သွေးစီးဆင်းမှုနဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ နှလုံးသွေးကြောစနစ်ကို အကျိုးဖြစ်စေပါတယ်။ 
 
(၅) အင်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိစေကာ စိတ်အခြေအနေကို မြှင့်တင်ပေးပြီး စိတ်ဓာတ်ကျခြင်း သောကရောက်ခြင်းတို့ကို လျှော့ချပေးပါတယ်။ 
 
(၆) အအေးနဲ့ ထိတွေ့တဲ့အခါ အဆီညိုတစ်ရှူးတွေ များလာပြီး ကယ်လိုရီလောင်ကျွမ်းစေကာ ဇီဝဖြစ်ပျက်မှုဖြစ်စဥ်ကို ကူညီပေးပါတယ်။ 
 
(၇) ပြင်းထန်တဲ့ လေ့ကျင့်ခန်းကြောင့် ထိခိုက်သွားတဲ့ ကြွက်သားအမျှင်တွေ ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကူညီပေးပါတယ်။ 
 
(၈) အိပ်စက်မှုစက်ဝန်းကို အထောက်အကူဖြစ်စေကာ နှစ်ခြိုက်စွာ အိပ်ပျော်စေတာကြောင့် စွမ်းအင်တိုးများစေပါတယ်။ 
 
(၉) အဆစ်အမြစ်ရောင်ခြင်း ကြွက်သားတင်းမာခြင်းတို့မှာ ကြွက်သားနဲ့ အဆစ်တို့ကို နာကျင်ကိုက်ခဲခြင်းမှ ယာယီသက်သာစေပါတယ်။ 
 
(၁၀) ရေအေးနဲ့ ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က ရုတ်တရက်လန့်သွားပြီး အက်ဒရီနယ်လင်များ ထွက်လာကာ နိုးနိုးကြားကြား ရှိစေပါတယ်။ 
 
ခန္ဓာကိုယ်က အပူချိန်ကျဆင်းနေတဲ့အချိန်မှာ ရေအေးဖြင့်ချိုးခြင်းက အန္တရာယ်များပါတယ်။ 
 
ရေခဲဖြင့်ချိုးပြီးတဲ့အခါ နွေးထွေးစွာဝတ်ဆင်ပြီး လေအေးနဲ့ မထိတွေ့အောင် ဂရုပြုသင့်ပါတယ်။ 
Source: DoctorNDTV  
#World_Health
#Yangon_Media_Group
#YMG_News #Yangon_Times