Published 12 December 2023

ဒေါ်နယ်ထရမ့်ဟာ ၂၀၂၄ ရီပတ်ဘလစ်ကင် သမ္မတလောင်း အမည်စာရင်းယှဥ်ပြိုင်မှုမှာ ဆက်လက်ဦးဆောင်နေဆဲဖြစ်ပြီး ပါတီမဲဆန္ဒရှင်တဝက်ကျော်ရဲ့ ထောက်ခံမှုကို ရရှိထားကြောင်း တနင်္လာနေ့မှာ ပြီးစီးခဲ့တဲ့ Reuters/Ipsos ရဲ့ သဘောထားစစ်တမ်းအရ သိရှိရပါတယ်။

စစ်တမ်းများအရ ရီပတ်ဘလစ်ကင် ၆၁ ရာခိုင်နှုန်းဟာ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ကို ယှဥ်ပြိုင်ရန်အတွက် ပြည်နယ်အလိုက် အမည်စာရင်းယှဥ်ပြိုင်မှုတွေမှာ သမ္မတဟောင်းကို မဲပေးသွားကြမယ်လို့ ကောက်ယူရရှိထားပါတယ်။

ထရမ့်ရဲ့မဲရာခိုင်နှုန်းရရှိမှုကို အနီးစပ်ဆုံး ယှဥ်ပြိုင်နိုင်သူ ရှိမနေဘဲ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်နဲ့ ကယ်လီဖိုးနီးယား တောင်ပိုင်းအုပ်ချုပ်ရေးမှူးဟောင်း နစ်ကီဟာလေတို့ကတော့ ရီပတ်ဘလစ်ကင် ၁၁ ရာခိုင်နှုန်းစီရဲ့ ထောက်ခံမှု ရရှိထားပါတယ်။

စွန့်ဦးတီထွင်သူ ရာမတ်စ်ရာဝီက ၅ ရာခိုင်နှုန်း၊ နယူးဂျာစီ အုပ်ချုပ်ရေးမှူးဟောင်း ခရစ္စခရစ္စတီက ၂ ရာခိုင်နှုန်းရှိနေပြီး ၈ ရာခိုင်နှုန်းက မဆုံးဖြတ်ရသေးပါဘူး။

၂၀၂၄ အမေရိကန်ရွေးကောက်ပွဲရဲ့ ပထမဆုံးမဲပေးမှုများကို ဇန်နဝါရီ ၁၅ ရက်နေ့ အိုင်အိုဝါပြည်နယ် ရီပတ်ဘလစ်ကင်အစည်းအဝေးမှာ ကြေညာသွားမှာ ဖြစ်ပါတယ်။

စစ်တမ်းများအရ ရီပတ်ဘလစ်ကင် မဲဆန္ဒရှင်များက ထရမ့်ရင်ဆိုင်နေရတဲ့ တိုင်းနဲ့ပြည်နယ် ရာဇဝတ်မှုများကြောင့် စိတ်ပြောင်းလဲယိမ်းယိုင်မှု သိပ်ပြီးမရှိဘူးလို့ တွေ့ရှိရပါတယ်။

စစ်တမ်းဖြေကြားသူ ရီပတ်ဘလစ်ကင် တွေထဲက ၄ ပုံ ၁ ပုံကတော့ ထရမ့်က ရွေးကောက်ပွဲလိမ်လည် စွပ်စွဲတာတွေ၊ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန် လွှတ်တော်အဆောက်အအုံကို တိုက်ခိုက်ရန် လူအုပ်ကြီးကို လှုံ့ဆော်ခဲ့တာတွေ စတဲ့ တရားစွဲချက်တွေကို ယုံကြည်ကြောင်း ဖြေကြားခဲ့ပါတယ်။

ထရမ့်ကိုဆန့်ကျင်တဲ့ ရီပတ်ဘလစ်ကင် လူနည်းစုက သူ့ရဲ့ပြိုင်ဘက် ဟာလေကို ထောက်ခံလာကြပြီး သူ့ရဲ့မဲဆန္ဒရပ်တည်ချက်က စတုတ္ထနေရာမှာ ၄ ရာခိုင်နှုန်းဖြင့် ရပ်တည်နေပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း ရီပတ်ဘလစ်ကင် ၁,၆၈၉ ဦးကို အွန်လိုင်းကနေ စစ်တမ်းကောက်ယူမှု လုပ်ခဲ့တာဖြစ်ပြီး ရာခိုင်နှုန်း ၃ ခုလောက် အလျော့အတင်း ရှိနိုင်ပါတယ်။
Source: Reuters
#World_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group