#World_Health
Published 12 December 2023


ဘရစ္စတိုလ်တက္ကသိုလ်မှ နောက်ဆုံးသုတေသနတစ်ခုမှာ HIV ဆေးတစ်မျိုးက SARS-CoV-2 မျိုးဗီဇကွဲများ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ရောဂါအတော်များများကို တားဆီးနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

 

ရောဂါပိုးကူးစက်ထားတဲ့ ဆဲလ်တွေဆီကို သင့်တင့်မှန်ကန်တဲ့ ပမာဏပေးနိုင်ပါက တားဆီးနိုင်ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

 

ထိုဆေးဟာ လက်ရှိနဲ့ အနာဂတ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတွေကို တိုက်ဖျက်ရာမှာ ရှိပြီးသားဆေးဝါးတွေအတွက် အထောက်အကူ ဖြစ်စေနိုင်မယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

 

Cobicistat ဆေးဟာ SARS-CoV-2 မျိုးဗီဇကွဲတစ်မျိုးကို တိုက်ထုတ်နိုင်စွမ်းရှိတယ်လို့ ယခင်က တွေ့ရှိထားပါတယ်။


ဒီဆေးဟာ ပုံမှန်အားဖြင့် HIV ကုသဆေးတွေရဲ့ အာနိသင်ကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။

 

Cobicistat ရဲ့သက်ရောက်မှုတွေကို ပက်ဇ်လိုဗစ်ဆေးထဲက ပါဝင်ပစ္စည်းတစ်မျိုးနဲ့ တည်ဆောက်ပုံ ဆင်တူတဲ့ ritonavir နဲ့ နှိုင်းယှဥ်ခဲ့ကြပါတယ်။

 

ပက်ဇ်လိုဗစ်ဆေးဟာ လက်ရှိမှာ SARS-CoV-2 ကိုကုသဖို့အတွက် အကောင်းဆုံးဆေးဝါးအဖြစ် သတ်မှတ်ထားပါတယ်။

 

Cobicistat ရော ritonavir ဟာ ခံနိုင်ရည်ရှိတဲ့ ဆေးပမာဏဖြင့် ကိုရိုနာဗိုင်းရပ်စ်တွေကို ဆန့်ကျင်နိုင်ပြီး လက်ရှိမှာ HIV ကုသဆေးအတွက် လိုအပ်တဲ့ပမာဏထက်တော့ များပြားနေပါတယ်။

 

စမ်းသပ်ချက်များအရ cobicistat ဟာ လက်တွေ့အသုံးပြုချက်ထက် ပိုမိုမြင့်မားတဲ့ ပမာဏဖြင့် ဗိုင်းရပ်စ်ကိုဆန့်ကျင်နိုင်ကာ လက်ရှိနည်းလမ်းများထက် ပိုမိုထိရောက်တဲ့ နည်းလမ်း ဖြစ်လာနိုင်တယ်လို့ ဆဲလ်နှင့်မော်လီကျူးဆေးတက္ကသိုလ်မှ ဒေါက်တာ လာ့လူကာရှီတက်ဂျ်က ပြောပြသွားပါတယ်။

 

တိရိစ္ဆာန်နဲ့ လက်တွေ့စမ်းသပ်မှုတွေမှာ အတည်ပြုနိုင်မယ်ဆိုရင် လက်ရှိနဲ့ အနာဂတ်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုတွေကို ဆေးတွေရဲ့ တိုက်ဖျက်နိုင်စွမ်းနဲ့ အများပြည်သူကျန်းမာရေး ထိခိုက်မှုကို လျှော့ချရာမှာ အရှိန်မြှင့်တင်နိုင်မှာဖြစ်တယ်လို့ ရှီတက်ဂျ်က ပြောပြသွားပါတယ်။

 

#World_Health #HIV ကုသဆေးတစ်မျိုး #ကိုရိုနာဗိုင်းရပ်စ် #Source: WION