၂၀ နိုဝင်ဘာ ၂၀၂၃

ကေပေါ့တ် BIGBANG အဖွဲ့သားတစ်ဦးဖြစ်တဲ့ ဂျီဒရယ်ဂွန် G-Dragon ရဲ့ ဆံပင်နမူနာကိုယူပြီး မူးယစ်ဆေးဝါး အသေးစိတ်စစ်ဆေးမှုတစ်ခုကို တောင်ကိုရီးယားနိုင်ငံ မှုခင်းဆေးပညာဌာနက စစ်ဆေးခဲ့ရာ နဂ္ဂတစ်အဖြေ ထွက်ရှိတယ်လို့  အရာရှိတွေက နိုဝင်ဘာ ၂၀ ရက် တနင်္လာနေ့ကပြောပါတယ်။

အမျိုးသားမှုခင်းဆေးပညာဌာနက လတ်တလောအဖြေရလာဒ်ကပို အင်ချီယွန်မြို့ပြရဲဌာနကို အကြောင်းကြား ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုတော်ရဲံလက်သည်း ခြေသည်းတွေကို စစ်ဆေးအဖြေထုတ်ဖို့တော့ လိုပါသေးတယ်။

ဂျီဒရယ်ဂွန်လို့သိကြတဲ့ အမည်ရင်း ကွမ်ဂျီယွန်း Kwon Ji-yong ဟာ အောက်တိုဘာ ၂၅ ရက်နေ့က မူးယစ်ဆေးဝါး တရားမဝင်သုံးစွဲတယ်ဆိုကာ အမှုဖွင့်ခံရပြီးနောက် နိုင်ငံကထွက်မသွားဖို့ တားမြစ်လည်းခံခဲ့ရပါတယ်။

နိုဝင်ဘာ ၆ ရက်က သူ့ကို ပထမဆုံမေးမြန်းမှုတွေပြုလုပ်စဉ်အတွင်း စစ်ဆေးထားတဲ့ အဖြေ ယခုထွက်ရှိလာတာ ဖြစ်ပါတယ်။ အသေးစိတ်ထပ်သိရအောင်လို့ သူတို့က အဆိုတော်ရဲ့ ဆံပင်နှင့် လက်သည်းခြေသည်းတွေကို မှုခင်းဆေးပညာဌာနကိုပေးပို့ထားတာပါ။

မူးယစ်ဆေးဝါးကို မစစ်ဆေးခင် ငါးရက်နှင့် ၁၀ရက်အတွင်းသုံးစွဲခဲ့လျှင် စစ်ဆေးရင် ပေါ့စတစ်အဖြေပေါ်မှာပါ။  ဒါပေမယ့် မူးယစ်ဆေးဝါးကိုအကြာကြီးသုံးစွဲတဲ့ကိစ္စတွေမှာတော့ တိကျမှန်ကန်တဲ့အဖြေရဖို့ ခက်ခဲလှပါတယ်။

ဆံပင်ကိုစစ်ဆေးလို့ရတဲ့အဖြေဟာ အဲဒီပုဂ္ဂိုလ်အနေနှင့် တစ်နှစ်အတွင်းမူးယစ်ဆေးဝါးသုံးမသုံး သိနိုင်မှာဖြစ်ပါတယ်။ ဆံပင်အတိုအရှည်ပေါ်တော့မူတည်ပါတယ်။ လက်သည်းခြေသည်းကိုစစ်ဆေးရင်တော့ လွန်ခဲ့တဲ့ ငါးလ ခြောက်လခန့်က သုံးမသုံးအဖြေထွက်ပါတယ်။

ရဲတွေအနေနှင့် ပိုပြီးသေချာအောင် ကျန်တဲ့ စစ်ဆေးချက်အဖြေတွေမရခင်မှာ သူ့ကို အခြား အထောက်အထားတွေ ဆက်လက်စစ်ဆေးဦးမှာဖြစ်ပါတယ်။

၂၀၁၁ခုနှစ်တုန်းက ဂျီဒရယ်ဂွန်ဟာ ဆေးခြောက်သုံးစွဲခဲ့ပေမယ့် သူက ဘာမှန်းမသိခဲ့လို့ပါလို့ပြောတဲ့အတွက် အမှုစွဲ အရာရှိတွေက အမှုကိုပြန်ရုပ်သိမ်းပေးခဲ့ပါသေးတယ်။

Source Yna