၂၀ စက်တင်ဘာ ၂၀၂၃

ကိုလံဘီယာ စူပါစတားအဆိုတော် ရှာကီးယားသည် အခွန်လိမ်လည်မှုနှင့် စပိန်နိုင်ငံ ဘာစီလိုနာမှာ တနင်္လာနေ့ နိုဝင်ဘာ ၂၀ရက်က တရားရင်ဆိုင်နေရပါတယ်။ စပိန်တရားလိုရှေ့နေတွေက ဂရမ်မီဆုရှင်ဖြစ်တဲ့ သူမကို ထောင်(၈)နှစ်ကျော် ကျခံရအောင် ကြိုးစားနေကြပါတယ်။ အသက် ၄၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရှာကီးယားဟာ ၂၀၁၂ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ ရရှိခဲ့တဲ့ဝင်ငွေအပေါ် လိမ်လည်ခဲ့တယ်လို့ သူတို့က စွပ်စွဲထားပါတယ်။ ဒါပေမယ့် ရှာကီးယားက အဲဒါတွေကို ငြင်းဆိုလိုက်ပြီး သူမအနေနှင့် စပိန်ကို ၂၀၁၅ခုနှစ်ရောက်မှသာ လုံးဝရွှေ့ပြောင်းခဲ့တာ ဖြစ်တယ်လို့ချေပပြောဆိုထားပါတယ်။

ယခုအမှုမှာ “Hips Don't Lie"၊"Whenever, Wherever" နှင့် ၂၀၁၀ ကမ္ဘာ့ဖလားသီချင်း "Waka Waka"တို့နှင့် အကြီး အကျယ်ပေါက်ခဲ့တဲ့ အဆိုတော်ရှာကီးယားအနေနှင့် ၂၀၁၂ခုနှစ်မှ  ၂၀၁၄ ခုနှစ် အတွင်း စပိန်မှာ အချိန်ဘယ်လောက် နေခဲ့သလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။

စပိန်အာဏာပိုင်တွေကတော့ သူမဟာ အဲဒီကာလအတွင်းမှာ အချိန်တစ်ဝက်ကျော် စပိန်မှာနေခဲ့တာဖြစ်လို့ စပိန်ကို အခွန်ဆောင်ရမယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။သူမဟာ အက်စီဘာစီလိုနာက နောက်တန်းကစားသမား Gerard Pique နှင့် ဇာတ်လမ်း လူသိရှင်ကြား ဖြစ်ပြီးနောက် စပိန်ကို ၂၀၁၁ မှာ ပြောင်းလာတယ်လို့ စပိန်အာဏာပိုင်တွေက ပြောထားပါတယ်။ ဒါပေမယ့် ၂၀၁၅ခုနှစ်အထိ ဘာဟာမားမှာ တရားဝင်အခွန်ဆောင်ရာနေရပ်အဖြစ်သူမက ဆက်လက်ထားရှိခဲ့ပါတယ်တဲ့။ သူမဟာ ဝင်ငွေခွန်သက်သာတဲ့နိုင်ငံတွေမှာရှိတဲ့ ကုမ္ပဏီအတွဲကြီးလိုက် အသုံးပြုခဲ့ပြီး စပိန်မှာ အခွန်မပေးရအောင်ရည်ရွယ်လုပ်ဆောင်ခဲ့တယ်လို့လည်း တရားစွဲရှေ့နေတွေက ပြောကြပါတယ်။

သူတို့က ရှာကီးယားအပေါ် ထောင်ဒဏ် (၈)နှစ်နှင့် (၂)လ ၊ ဒဏ်ကြေးငွေ ယူရို ၂၄သန်း ခန့် (အမေရိကန်ဒေါ်လာ ၂၄သန်း) ဆောင်ရအောင် ကြိုးစားနေကြတာဖြစ်ပါတယ်။

ရှာကီယားရဲ့ရှေ့နေတွေကတော့ သူမဟာ ၂၀၁၄ခုနှအထိ နေရာအတည်တကျမနေဘဲ လှည့်လည်သွားလာနေတဲ့ အချိန်ဖြစ်ပြီး သူမရဲ့ ဝင်ငွေအများစုဟာ နိုင်ငံတကာခရီးလှည့်ဖျော်ဖြေရေးတွေက ရရှိခဲ့တာဖြစ်တယ်လို့ ပြောကြပါတယ်။ ၂၀၁၅ ဇန်နဝါရီလကျမှသာ သူမရဲ့ ဒုတိယကလေးမမွေးခင်ကလေးမှာ ဘာစီလိုနာကို အပြီးရွှေ့ခဲ့တာဖြစ်တယ်လို့လည်း သူတို့ကဆိုပါတယ်။

“  သူတို့ တရားမစွဲခင်အထိ ကျွန်မပေးစရာရှိတာ အကုန်ပေးပြီးပြီ။အဲဒါကြောင့် ဒီကနေ့မှာ သူတို့ကိုပေးစရာ သုညပဲ” လို့ အဆိုတော်ရှာကီးယားက အယ်လ်မဂ္ဂဇင်းကို ၂၀၂၂မှာ အင်တာဗျူးဖြေခဲ့ပါတယ်။

သူမဟာ ၂၀၂၂ ဇွန်မှာ Pique နှင့် ကွဲခဲ့ပြီး ကမ္ဘာ့ လူသိအများဆုံးဆယ်လီစုံတွဲတွေထဲက တစ်တွဲရဲ့ ဆယ်စုနှစ်တစ်စု ကြာ ဇာတ်လမ်းအဆုံးသတ်ခဲ့ပါတယ်။ အဲဒီနောက်သူမဟာ သားနှစ်ဦးဖြစ်တဲ့ မီလန်နှင့်ဆာရှာနှင့်အတူ မီယာမီကို ဧပြီလာမှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

Source: NDTV