ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ကူးစက်မှုတွေ များပြားလာတဲ့အတွက် ရောဂါပိုးရှိမရှိစစ်ဆေးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်ပေးနေပါတယ်။ ဘန်ကောက်မှာရှိတဲ့ စေတီတော်တစ်ဆူရှေ့မှာ လူခြောက်ရာလောက်က စစ်ဆေးခံဖို့ ညလုံးပေါက်စောင့်ဆိုင်းခဲ့ကြပါတယ်။ အဲဒီစေတီရှေ့မှာ သောကြာနေ့မနက်က အခမဲ့ရောဂါပိုးစစ်ပေးမယ့် ရွေ့လျားဆေးခန်းတစ်ခန်းထားရှိပြီး လူပေါင်း၆၀၀ကို အာခေါင်တို့ပတ်ယူပြီး ရောဂါစစ်ဆေးပေးတာဖြစ်ပါတယ်။