Published_ 3 October 2023

ခရီးအေးတင်း Creatine ဆိုတာ အလေးမရာမှာ ဒါမှမဟုတ် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ရာမှာ ကြွက်သားတွေကနေ အားအင်တွေ ထုတ်လုပ်ပေးဖို့ကူညီတဲ့ ဓာတ်ပေါင်းပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

အဲဒါဟာ ကိုယ်ကာယလေ့ကျင့်ရေးနေရာ gymတွေမှာ လူကြိုက်အများဆုံးပါ။

ယခုအခါ အဲဒီဓာတ်ပေါင်းပစ္စည်းခရီးအေးတင်းဟာ နာတာရှည်ကိုဗစ်ရောဂါလက္ခဏာတွေကို သက်သာစေတယ်လို့ သုတေသနပညာရှင် အုပ်စုတစ်ခုက တွေ့ရှိထားပါတယ်။

အဆိုပါတွေ့ရှိချက်ကို အစားအစာသိပ္ပံနှင့်အဟာရဂျာနယ်မှာဖော်ပြထားပါတယ်။

သူတို့ဟာ လတ်တလော ကိုဗစ်နာတာရှည်ဖြစ်နေကြတဲ့ လူ ၁၁ဦးကို ပျံကျစမ်းသပ်ခဲ့ကြပြီး ကုသမှုဘယ်လောက်ထိရောက်သလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။

အထူးသဖြင့် မောပန်းနွမ်းနယ်ခြင်းကိုဘယ်လောက်သက်သာစေသလဲဆိုတာဖြစ်ပါတယ်။

သူတို့ဟာ ခြောက်လကြာခန့် သုတေသနပြုခဲ့ကြပါတယ်။

ဒါဟာ ခရီးအေးတင်းအတွက် ယင်းရဲ့အာနိသင်ထိရောက်ဖို့လုံလောက်တဲ့ အချိန်ဖြစ်ပါတယ်။

အဲဒီအခါ အနံ့ပျောက်တာမျိုး နာတာရှည်ကိုဗစ်ရောဂါလက္ခဏာတွေမှာ သိသိသာသာ ထိရောက်တိုးတက်မှုရှိတာတွေ့ကြရပါတယ်။

သုတေသနပညာရှင်တွေဟာ မောပန်းမှုအဆင့်မှာ သိပ်ထူးခြားတာမတွေ့ရပေမယ့် အခြားရောဂါလက္ခဏာတွေမှာတော့ ခရိုအေးတင်းက သိသိသာသာ အစွမ်းပြတာတွေ့ကြရပါတယ်။

အနံ့အရသာပျောက်တာတွေ၊အသက်ရှုရကြပ်တာတွေ၊ အဆုတ်ထဲနာတာတွေ၊ခန္ဓာကိုက်ခဲ့တာတွေနှင့် အာရုံစိုက်မရတာတွေမှာ သိသိသာသာတိုးတက်မှုရှိလာပါတယ်။

ခရီးအေးတင်းဟာ အမိုင်နိုအက်ဆစ် အားဖြည့်ဆေးဖြစ်ပြီး သောက်သုံးရတာအန္တရာယ်ကင်းပြီး ဘေးထွက်ဆိုးကျိုးလည်းမရှိတဲ့အတွက် နေ့စဉ်သုံးစွဲလို့ရတယ်ဆိုပြီး သိထားကြတာဖြစ်ပါတယ်။
Source IndiaToday
#World Health
#YMG #Yangon_Times #Yangon_Media_Group