#WorldHealth

Published - 11 November 2021

ဗြိတိန်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှ အသိအမှတ်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ဒီလနောက်ပိုင်းမှာ အသိအမှတ်ပြုသွားမှာဖြစ်ကြောင်း ဆိုပါတယ်။

နေရပ်ပြန်ခရီးသွားတွေဝင်ရောက်နိုင်ဖို့အတွက် တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက် ဆိုင်နိုဖန်ကာကွယ်ဆေးတွေနဲ့ အိန္ဒိယထုတ် ကိုဗက်ဆင်းကာကွယ်ဆေးတွေကို နိုင်ငံရဲ့အသုံးပြုနိုင်တဲ့ကာကွယ်ဆေးစာရင်းထဲ ထည့်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။

ထိုအသိအမှတ်ပြုချက်တွေကို နိုဝင်ဘာ ၂၂ ရက်မှာစတင်သွားမှာဖြစ်ပြီး UAE မလေးရှား အိန္ဒိယနိုင်ငံတွေအပါအဝင် အခြားနိုင်ငံများမှ ကာကွယ်ဆေးအပြည့်ထိုးထားတဲ့သူတွေ ဝင်ရောက်ခွင့်ရလာမှာဖြစ်ပါတယ်။

အသက် ၁၈ နှစ်အောက်လူငယ်လေးတွေကို ကာကွယ်ဆေးအပြည့်ထိုးပြီးသားသူတွေလိုမျိုး သဘောထားကာ အင်္ဂလန်နိုင်ငံထဲကို ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး ရောက်ရှိတဲ့အချိန်မှာလည်း သီးခြားခွဲခွာနေထိုင်စရာမလိုတော့အောင် ခရီးသွားလာရေးသတ်မှတ်ချက်တွေကို ပြောင်းလဲထားကြောင်း ပို့ဆောင်ရေးဌာနက တနင်္လာနေ့မှာ ပြောသွားပါတယ်။

Source: Reuters