#WorldHealth

Published-  11  November 2021

၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံရာမှာ အသုံးပြုတဲ့ဆေးထိုးအပ်ပြွန်ပေါင်း ၁ ဘီလီယံမှ ၂ ဘီလီယံအထိ ပစ္စည်းပြတ်သွားနိုင်ပြီး ပုံမှန်ကာကွယ်ဆေးထိုးနှံတဲ့ အစီအစဉ်တွေနဲ့ ဆေးထိုးအပ်သန့်ရှင်းစိတ်ချရမှုကို ထိခိုက်လာနိုင်ကြောင်း WHO က အင်္ဂါနေ့မှာ သတိပေးပြောကြားသွားပါတယ်။

ကျန်းမာရေးပစ္စည်းတွေ မလုံမလောက်ဖြစ်ခဲ့ဖူးတဲ့ ကပ်ရောဂါအစောပိုင်းတုန်းကလို ပစ္စည်းအလုအယက်ဝယ်ယူတာတွေ စုဆောင်းတာတွေလိုမျိုး ထပ်မံမဖြစ်ပေါ်စေဖို့ အမျိုးသားကျန်းမာရေးတာဝန်ရှိသူတွေက ကြိုတင်စီစဉ်ထားဖို့လိုအပ်ကြောင်း WHO မှ ကျွမ်းကျင်ပညာရှင် လီဆာဟတ်ဒ်မန်က ပြောသွားပါတယ်။

"တကမ္ဘာလုံးအတိုင်းအတာမှာ ကာကွယ်ဆေးထိုးနှံဖို့ ဆေးထိုးအပ်ပြွှန်တွေ ရှားပါးလာဖွယ်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှုန်းလျော့ကျလာကာ ဆေးထိုးအပ်သန့်ရှင်းစိတ်ချရမှုမှာ စိုးရိမ်လာဖွယ်ရှိတယ်"လို့ ကုလဆွေးနွေးပွဲတစ်ခုမှာ ပြောထားပါတယ်။

ဆေးထိုးအပ်ရှားပါးလာခြင်းက ပုံမှန်ကာကွယ်ဆေးထိုးနှံမယ့် အစီအစဉ်တွေ အထူးသဖြင့်ကလေးတွေအတွက် ကာကွယ်ဆေးထိုးနှံမှုတွေ နှောင့်နှေးလာနိုင်ပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ မသန့်ရှင်းတဲ့ဆေးထိုးပြွန်တွေနဲ့ ဆေးထိုးအပ်တွေကို ပြန်လည်သုံးစွဲလာနိုင်ခြေရှိနေတယ်လို့ ဟတ်ဒ်မန်က ဆိုပါတယ်။

ဒီပုံစံအတိုင်းဆိုရင် ကာကွယ်ဆေးထိုးနှံတဲ့ ဆေးထိုးအပ်ပြွန်တွေကိုထုတ်လုပ်ဖို့ စက်ရုံတွေတိုးချဲ့တည်ဆောက်ခြင်းမရှိပါက နောက်နှစ်မှာ ဆေးထိုးအပ် ၂ ဘီလီယံခန့်အထိ ပစ္စည်းပြတ်သွားနိုင်တဲ့ ပြဿနာရှိလာနိုင်ကြောင်း ဆိုပါတယ်။

"ကာကွယ်ဆေးထိုးနှံရာမှာ အသုံးပြုတဲ့ဒီလိုဆေးထိုးအပ်တွေကို ပိုပြီးအရေအတွက်များများ ထုတ်လုပ်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ အချိန်တွေထပ်ယူဖို့ လိုအပ်ပါတယ်"လို့ ဆိုပါတယ်။

Source: Reuters