Published 27 August 2023 
 
သွေးကျရောဂါဆိုတာ သွေးပေါင်ချိန် ကျဆင်းတာကို ဆိုလိုပြီး နှလုံးနဲ့ဆက်စပ်နေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ 
 
သွေးကျရောဂါ ခံစားရသူအများစုက ရောဂါလက္ခဏာ မပြကြပေမယ့် ပြင်းထန်လာရင်တော့ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့အထိ ဖြစ်လာပါတယ်။ 
 
မှန်ကန်စွာ စားသောက်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ဖြင့် သွေးကျခြင်းကို တိုးတက်စေနိုင်ပြီး ဒီအတွက် အကျိုးရှိစေမယ့် အစားအစာတွေကို အာရုံစိုက်လာကြပါတယ်။ 
 
(၁) ကော်ဖီ 
သွေးပေါင်ချိန်ကို တခဏအတွင်း လျင်မြန်စွာ တက်ချင်တယ်ဆိုရင် ကော်ဖီသောက်သုံးနိုင်ပါတယ်။ 
 
(၂) ကြက်ဥ 
ကြက်ဥမှာ ဖောလိတ်၊ ဗိုက်တာမင်-ဘီ၁၂၊ သံဓာတ်၊ ပရိုတိန်းနဲ့ အခြားအာဟာရဓာတ်များစွာ ပါဝင်ကာ သွေးပေါင်ချိန်ကို မြှင့်တင်ပေးနိုင်ပါတယ်။ 
 
(၃) နို့ထွက်ပစ္စည်းများ 
ထိုအစားအစာတွေမှာ သက်သက်လွတ်သမားတွေအတွက် ဗိုက်တာမင်-ဘီ၁၂၊ ဖောလိတ်၊ ပရိုတိန်းတို့ ပါဝင်ပါတယ်။ 
 
(၄) စပျစ်ခြောက် 
စပျစ်ခြောက်မှာ ပိုတက်ဆီယမ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး သွေးကျရောဂါရော သွေးတိုးရောဂါအတွက်ပါ စားသုံးပေးသင့်ပါတယ်။ 
 
(၅) အခွံမာသီးများ 
သူတို့မှာ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး သွေးပေါင်ချိန်တက်အောင် ကူညီပေးပါတယ်။ 
 
(၆) အစိမ်းရောင်ဟင်းရွက်များ 
ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ ကိုက်လံ၊ ဆလတ်ရွက်၊ ဂေါ်ဖီထုပ်တို့မှာ သံဓာတ်၊ ဖောလိတ်၊ ရေဓာတ်တို့ပါဝင်ပါတယ်။ 
 
(၇) ပဲအမျိုးမျိုး 
ပဲတွေမှာ သွေးပေါင်ချိန်တက်စေမယ့် ဖောလိတ်၊ သံဓာတ်နဲ့ အခြားအာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ 
 
(၈) အသားအင်္ဂါများ 
တိရိစ္ဆာန်အသားတွေရဲ့ အင်္ဂါတွေမှာ ဗိုက်တာမင်-ဘီ၁၂၊ သံဓာတ်၊ ပရိုတိန်းနဲ့ အခြားအာဟာရဓာတ်များ ပါဝင်ကာ သွေးပေါင်ချိန်မြှင့်ပေးနိုင်သလို အထူးသဖြင့် အသည်းက အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ 
 
(၉) ငါး 
ငါးတွေမှာပါဝင်တဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်က ဗိုက်တာမင်-ဘီ၁၂ စုပ်ယူခြင်းကို အားကောင်းစေကာ ဆယ်လ်မွန်နဲ့ တူနာတို့လို ငါးတွေက သွေးပေါင်ချိန်ကို မြှင့်တင်ပေးနိုင်ပါတယ်။ 
 
(၁၀) ကြက်သား 
ကြက်သားမှာလည်း ပရိုတိန်း၊ ဘီ၁၂ တို့ပါဝင်ကာ သွေးပေါင်ချိန် မြှင့်တင်ပေးနိုင်ပါတယ်။ 
 
(၁၁) သံလွင်ဆီ 
သံလွင်ဆီမှာ ဗိုက်တာမင်-အီး၊ ကြေးနီ၊ သံဓာတ်နဲ့ အာဟာရဓာတ်များ ပါဝင်ပြီး သွေးပေါင်ချိန်ကို မြှင့်တင်ပေးနိုင်ပါတယ်။ 
 
အစားအသောက်များဖြင့်ပင် သွေးပေါင်ကျခြင်းကို ထိန်းချုပ်နိုင်သလို လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဖြင့်လည်း အာဟာရဓာတ်များ စုပ်ယူမှုကို အားကောင်းစေနိုင်ပါတယ်။ 
 
အရက်သေစာနဲ့ ဆေးလိပ်တို့ကတော့ အာဟာရဓာတ် စုပ်ယူခြင်းကို ထိခိုက်စေပါတယ်။ 
Source: NDTV. 
#World_Health
#YMG #Yangon_Times