Published_ 27 August 2023 

 
သွေးထဲက ကဖင်းဓာတ်ပမဏဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အဆီပမာဏအပေါ် သက်ရောက်နေနိုင်ပြီး နှလုံးသွေးကြောရောဂါနဲ့ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်နိုင်ချေနဲ့လည်း ဆက်စပ်နေကြောင်း မကြာသေးမီက လေ့လာတွေ့ရှိခဲ့ပါတယ်။ 
 
ကယ်လိုရီမပါတဲ့ ကော်ဖီသောက်သုံးခြင်းက ခန္ဓာကိုယ်အဆီ လျှော့ချရာမှာ အကူအညီဖြစ်စေတယ်လို့ ဆွီဒင်နဲ့ ဗြိတိန်တို့မှ သုတေသီများက တွေ့ရှိခဲ့ပါတယ်။ 
 
ပလတ်စ်မာကဖင်းများများ သုံးစွဲခြင်းက မျိုးဗီဇအရ BMI နဲ့ ခန္ဓာကိုယ်အဆီတို့ကို လျော့နည်စေတာနဲ့ ဆက်စပ်နေပါတယ်။ 
 
ဒါ့အပြင် ဆီးချိုရောဂါ ဒုတိယအမျိုးအစား ဖြစ်နိုင်ချေနည်းခြင်းနဲ့လည်း သက်ဆိုင်နေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ 
 
လူ ၁ သောင်းရဲ့ မျိုးရိုးဗီဇအရ ကဖင်းဓာတ် ပြိုကွဲနှုန်းအမျိုးမျိုးလိုက်ပြီး လေ့လာခဲ့ကြပါတယ်။ 
 
CYP1A2 နဲ့ AHR မျိုးကွဲဗီဇတွေက ကဖင်းဓာတ်ကို ဖြည်းဖြည်းချင်း ဖြိုခွဲကာ သွေးထဲမှာ အချိန်ပိုမိုကြာမြင့်စွာရှိနေတတ်ပါတယ်။ 
 
လေ့လာချက်တစ်မျိုးအရ ကဖင်းဓာတ်ပမာဏ၊ BMI နဲ့ ဆီးချိုရောဂါတို့ကြား အရေးကြီးဆက်စပ်ပုံကို တွေ့ရှိခဲ့ကြပါတယ်။ 
 
ဒါပေမဲ့ သွေးထဲက ကဖင်းဓာတ်ပမာဏနဲ့ နှလုံးသွေးကြောရောဂါတို့ကြား တိုက်ရိုက်ဆက်စပ်မှုတော့ မတွေ့ရှိခဲ့ပါဘူး။ 
 
ကဖင်းဓာတ် အတော်အသင့်ပမာဏနဲ့ အနည်းငယ်မြင့်မားစွာ သုံးစွဲခြင်းကြောင့် နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်းနဲ့ BMI လျော့နည်းမှုတို့ကြား ပတ်သက်တာကိုလည်း တွေ့ရှိထားပါတယ်။ 
 
ကဖင်းဓာတ်သောက်သုံးခြင်းကြောင့် အကောင်းကြီးပဲ ရတာမျိုးမဟုတ်တာကိုတော့ သတိပြုသင့်ပါတယ်။ 
 
ကဖင်းသောက်သုံးခြင်းကြောင့် ကိုယ်အလေးချိန်နဲ့ အဆီဓာတ်တို့ကို လျော့ချနိုင်တယ်ဆိုတာ လေ့လာချက်အသေးစားသာဖြစ်ပြီး ရေရှည်သက်ရောက်မှုကိုတော့ မသိရသေးပါဘူး။ 
 
ကဖင်းကိုပိုမိုသောက်သုံးတဲအခါ နှလုံးအပေါ်မှာ သက်ရောက်နိုင်တာတွေကို ချင့်ချိန်ဖို့လိုအပ်ကြောင်း သုတေသီများ ဖော်ပြခဲ့ပါတယ်။ 
Source: WION 
#World_Health
#YMG #Yangon_Times