Published-7 Nov 2021

နိုဝင်ဘာ(၇)ရက် တနင်္ဂနွေနေ့(ယနေ့)နံနက်အစောကြီးအချိန်မှာ  အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်လ်-ကက်ဒီမီရဲ့ နေအိမ်ကို ဒရုန်းနှင့်တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်က ဘာမှမဖြစ်ဘူးလို့ပြောပါတယ်။ သူ့ရဲ့အိမ်ဟာ မြို့တော် ဘဂ္ဂဒက်ရဲ့ အစိမ်းရောင်နိုင်ငံတကာဇုန်ထဲမှာတည်ရှိတာဖြစ်ပါတယ်။

“ ကျွန်တော်ဘာမှမဖြစ်ပါဘူး။ ဘုရားသခင်ကို ချီးမွမ်းကြပါ။ အာရတ်ရဲ့ကောင်းကျိုးအတွက် လူတိုင်း စိတ်အေးအေးထားပြီး သည်းခံကြပါ” လို့ အယ်ကက်ဒီမီက ဒရုန်းနှင့် တိုက်ခိုက်ခံရအပြီးတွစ်တာမှာရေးသားခဲ့ပါတယ်။  အီရတ်မှာ နိုင်ငံရေးတင်းမာမှုတွေဖြစ်နေချိန်မှာ ယခုအဖြစ်အပျက်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

ဒရုန်းနှင့်တိုက်ခိုက်ခံရအပြီးမှာ သေနတ်သံတွေကြားရပြီး မီးခိုးလုံးတွေထွက်လာတာကိုတွေ့ကြရပါတယ်။ အဲဒီမြင်ကွင်င်းရုပ်သံကို တင်ဆက်ပေးထားပါတယ်။

Source AFP